filmov
tv
မြောက်ကိုရီးယားက ယူကရိန်းကို ဒုံးကျည်စမ်းသပ်ကွင်းအဖြစ် အသုံးချ | People's Spring

Показать описание
ယူကရိန်းဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်ကွင်း ဖြစ်လာနေပြီလို့ တောင်ကိုရီးယားက သတိပေး ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၂ ရက်က ယူကရိန်းကို ရုရှား တိုက်ခိုက်ခဲ့ရာမှာ မြောက်ကိုရီးယားလုပ် ဒုံးကျည်တွေကို အသုံးပြုခဲ့ကြောင်း အမေရိကန်၊ ယူကရိန်းတို့က စွပ်စွဲထားတဲ့နောက် တောင်ကိုရီးယားက အခုလို သတိပေးလာခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း စစ်ရေး ကျွမ်းကျင်သူတွေက ရုရှားဒုံးကျည်တွေနဲ့ တည်ဆောက်ပုံ ကွဲပြားတဲ့ ဒုံးကျည် အပျက်အစီးတွေရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ပြသပြီး မြောက်ကိုရီးယားမှာ တည်ဆောက်တဲ့ အမျိုးအစားတွေ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာတော့ ရုရှား သံအမတ်က ယူကရိန်း စွပ်စွဲချက်ဟာ အချက်အလက်တွေ မှားယွင်းနေတယ်လို့ ပြောပေမယ့် မြောက်ကိုရီးယား လက်နက်တွေကို ဝယ်ယူ အသုံးပြုမနေပါဘူးလို့တော့ ရာနှုန်းပြည့် ငြင်းဆန်မသွားခဲ့ပါဘူး။ လုံခြုံရေး ကောင်စီက အဖွဲ့ဝင် နိုင်ငံတွေကို မြောက်ကိုရီးယားနဲ့ လက်နက် ကုန်သွယ် ရောင်းဝယ်ခွင့် ပိတ်ပင်ထားတာကြောင့် ရုရှားသာ မြောက်ကိုရီးယား ဒုံးကျည်တွေကို ဝယ်ယူခဲ့ရိုးမှန်ရင် အဲဒီ ပိတ်ပင်မှုကို တိုက်ရိုက် ချိုးဖောက်တဲ့ အဓိပ္ပါယ် ဖြစ်လာမှာပါ။
တောင်ကိုရီးယား သံအမတ်ကတော့ ရုရှားဟာ ယူကရိန်း စစ်မြေပြင်မှာ မြောက်ကိုရီးယား ဒုံးကျည်တွေကို လက်တွေ့ အသုံးပြုနေခြင်းက မြောက်ကိုရီးယားကို အရမ်း အဖိုးတန်တဲ့ တိုက်ပွဲဝင် ကွင်းဆင်းစစ်ဆေးမှု ရလဒ်တွေ ထောက်ပံ့ပေးနေတာနဲ့ တူတူပဲလို့ သတိပေးခဲ့ပါတယ်။
ရုရှားဆီ ဒုံးကျည်တွေ တင်ပို့ရင်း မြောက်ကိုရီးယားဟာ ယူကရိန်းကို ဒုံးကျည် စမ်းသပ်ကွင်းလို သဘောထားပြီး နျူကလီးယား ထိပ်ဖူးတွေပါ တပ်ဆင်နိုင်တဲ့ ဒုံးကျည် အမျိုးအစားတွေကို လက်တွေ့ စမ်းသပ်နေတယ်လို့ တောင်ကိုရီးယား သံအမတ် ဟွမ်ဂျုံကွတ်ခ်က ပြောကြားသွားပါတယ်။
သူက စစ်ရေးလေ့လာသူ တချို့ရဲ့ အဆိုကို ကိုးကားပြီး ယူကရိန်းမှာ တွေ့ရတဲ့ မြောက်ကိုရီးယား ဒုံးကျည်ဟာ KN-23တွေ ဖြစ်နိုင်ခြေများကြောင်း၊ အဲဒီ ဒုံးကျည် အမျိုးအစားဟာ နျူကလီးယား ထိပ်ဖူးတွေပါ တပ်ဆင်နိုင်တယ်လို့ မြောက်ကိုရီးယားက ကြွေးကြော်ထားပြီး ကီလိုမီတာ ၄၆၀ လောက် ပျံသန်းနိုင်တဲ့အတွက် မြောက်ကိုရီးယားရဲ့ ပစ်စင်ကနေ တောင်ကိုရီးယားပိုင် ပူဆန်မြို့လောက်ထိကို ခြိမ်းခြောက်နိုင်တဲ့သဘော ဖြစ်နေကြောင်းလည်း ထောက်ပြသွားပါတယ်။
အစောပိုင်းမှာလည်း အမေရိကန်နဲ့ မဟာမိတ် ၇ နိုင်ငံက ရုရှားဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာ ပိုင်ထားတာကို အခွင့်ကောင်းယူပြီး မြောက်ကိုရီးယားဆီက လက်နက်တွေ ဝယ်ယူတာမျိုး စည်းမျဉ်းချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း ဝေဖန် စွပ်စွဲခဲ့ကြပါတယ်။
ကိုးကား: Reuters
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘆𝗼𝘂𝘁𝘂𝗯𝗲.𝗰𝗼𝗺/@𝗽𝗲𝗼𝗽𝗹𝗲𝘀𝗽𝗿𝗶𝗻𝗴
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝗳𝗮𝗰𝗲𝗯𝗼𝗼𝗸.𝗰𝗼𝗺/𝗟𝘂𝗱𝘂𝗡𝘄𝗮𝘆𝗢𝗼
𝗪𝗲𝗯𝘀𝗶𝘁𝗲 - 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝗹𝘂𝗱𝘂𝗻𝘄𝗮𝘆𝗼𝗼.𝗰𝗼𝗺/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝗶𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺.𝗰𝗼𝗺/𝗹𝘂𝗱𝘂𝗻𝘄𝗮𝘆𝗼𝗼
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - 𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗣𝗲𝗼𝗽𝗹𝗲𝗦𝗽𝗿𝗶𝗻𝗴

Комментарии