filmov
tv
သတသဟဿာရဟဂါထာ (၉ ခေါက်) - တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ

Показать описание
ဆရာတော်ကြီး၏ဩ၀ါဒ
ညနေပိုင်း ဘုန်းကြီးအလုပ်က နေ၀င်ဖျိုးဖျအချိန်မှာ “သတသဟဿာရဟ” ဂါထာတော်မြတ်ကြီးကို အမြဲရွတ်ဆိုနေကျဖြစ်တယ်။ ဒီဂါထာတွေက အဖိုးတစ်သိန်းစီ ထိုက်တန်တယ်လို့ဆိုတယ်။
ဟိုးရှေးယခင် မြတ်စွာဘုရားရှင် အစဥ်အဆက် “ကဿပ” မြတ်စွာဘုရားရှင်က သူရဲ့ခမည်းတော် ကိကီမင်းကြီးကို ဟောထားတဲ့ ဒီတရားဒေသနာတော်တွေကို နတ်များက အလွန်ချစ်ခင်နှစ်သက်ကြတယ်။ အလွန်တရာမှ တရားနာချင်ကြတယ်။ ဒါကြောင့် နတ်များက လောကကြီးထဲ ဒီတရားဒေသနာ(ဂါထာတော်မြတ်) ရွတ်ဖတ်သရဇ္စျာယ်တဲ့နေရာတွေကို စူးစမ်းပြီး လိုက်လံရှာဖွေနာကြားကြတယ်။
အဲဒီလို ဟောတော်မူခဲ့တဲ့ ဂါထာတော်မြတ်ကြီးကို အစဥ်အဆက် ဆက်ခံပြီး လေ့ကျင့်ခဲ့ကြတာ ဂေါတမမြတ်စွာဘုရားအလောင်းတော် မဟာသုတသောမ,မင်းဖြစ်တော့ နန္ဒမည်တဲ့ ပုဏ္ဏားက မဟာသုတသောမ,မင်းကို ဟောပြန်တယ်။ အဲ့ဒီမင်းက တစ်ခါ လူသားစား နန်းကျဘုရင် ပေါရိသာဒကို တစ်ခါပြန်ဟောလို့ ပေါရိသာဒလည်း လူသားစားဘ၀ကနေ ကျွတ်သွားတယ်။ ပေါရိသာဒက တစ်ခြားလူမဟုတ်ဘူး။ ဂေါတမမြတ်စွာဘုရားလက်ထက်မှာ ရှစ်ကျိပ်သော မဟာထေရ်တို့တွင် ပါ၀င်ခဲ့တဲ့ အင်္ဂုလိမာလမထေရ်လောင်းပါပဲ။
ဒီဂါထာကို ဘုန်းကြီး တစ်နေ့သုံးကြိမ်ရွတ်တယ်။ ဒီဂါထာတွေကို ရွတ်ရင် နတ်မျာက ချစ်တယ်။ ဗြဟ္မာတွေကလည်း ချစ်တယ်။ သတ္တ၀ါမှန်သမျှ ချစ်ခင်ကြင်နာကြတယ်။ ဘုန်းကြီးထံကို တောစောင့်နတ်ကြီးက (၆)ကြိမ်၊ ၀ိဇ္ဇာက(၃)ကြိမ် လာဖူးတယ်။ ဒီနေ့အထိ ဘယ်ဘေးအန္တရာယ်မှ မနှောက်ယှက်နိုင်ဘူး။
ဒီဂါထာကို ဘုန်းကြီးမရွတ်ခင် နတ်တွေ ဗြဟ္မာတွေကို ပင့်ဖိတ်တယ်။ တောစောင့်နတ်၊ တောင်စောင့်နတ်၊ …..စသည်တွေကိုလည်း ပင့်ဖိတ်တယ်။ ကုန်းနေ(၉)ကုဋေ၊ ရေနေ(၁၀)ကုဋေ သတ္တ၀ါမှန်သမျှ အနန္တတို့ကို မေတ္တာပို့ အမျှ၀ေပေးပြီး ဒီဂါထာကို ရွတ်လေ့ရှိတယ်။ ဒီဂါထာတွေကို အရကျက်ပြီး ရွတ်ကြ၊ ဖတ်ကြ ချမ်းသာသုခနဲ့ ပြည့်စုံကြလိမ့်မယ်။
အနက်(မြန်မာပြန်)
၁။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ သဗ္ဘိ - သူတော်ကောင်းတို့နှင့် ၊ သကိံဒေ၀ - တစ်ကြိမ်တစ်ခါမျှ သာလျှင်၊ သမာဂမောဟောတိ - အကြောင်းခွင့်ကြုံ၍ ပေါင်းဆုံ မှီဝဲရပေ၏ ။ သာသင်္ဂတိ - ထို တစ်ကြိမ်မျှ ပေါင်းဆုံမှီဝဲရခြင်းသည် ၊ နံ - ထိုထိုအခွင့်ကြုံ၍ ပေါင်းဆုံ မှီဝဲရသောသူကို ၊ ပါလေတိ - ဘေးရန်မနှောက် ချမ်းသာရောက်အောင် ကယ်မ နိုင်ပါပေ၏ ။
၂။ အသဗ္ဘိ - တရားကင်းကွာသော သူယုတ်မာတို့နှင့် ၊ ဗဟုသင်္ဂမော - ကြိမ်ဖန်များစွာ ပေါင်းဆုံ မှီဝဲသော်လည်း ၊ န ပါလေတိ - ဘေးရန်မနှောက် ချမ်းသာရောက်အောင် မစောင့်ရှောက် မကယ်မ နိုင်ပေ။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ တသ္မာ - ထို့ကြောင့်၊ သမ္ဘိရေ၀ - သူတော်ကောင်းတို့နှင့်သာလျှင် ၊ သမာသေထ - ပေါင်းဆုံ အမြဲ မှီဝဲဆည်းကပ်ရာ၏ ။ သဗ္ဘိ - သူတော်ကောင်းတို့နှင့်၊ သန္ထတဝံ - မိတ်ဆွေဖွဲ့ခြင်း ၊ ကျွမ်းဝင်ချဉ်းကပ်မှုကို ၊ ကုဗ္ဘေထ - ပြုရာ၏ ၊ ပြုပါလေ ၊ သတံ - ဘုရား အစရှိသော သူတော်ကောင်းတို့၏၊သဒ္ဓမ္မံ - ပစ္စုပ် ၊ သံသာ နှစ်ဖြာ ကြီးပွား ချမ်းသာကြောင်း ပုညကိရိယ ဗောဓိပက္ခိယ တရားကောင်းကို ၊ အညာယ - တစ်လုံး တစ်ပါဒမှစ၍ ကောင်းစွာ သိမြင်လာရသည်ရှိသော် ၊ သေယျော ဟောတိ - တစ်နေ့တစ်ခြား ကြီးပွားချမ်းသာ မြင့်မြတ်လာနိုင်ပါပေ၏။ နပါပိယော - ဆုတ်ယုတ်နိုင်ကြခြင်း အလျဉ်းပင် မရှိနိုင်ပေ ။
၃။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ သုစိတ္တာ - မွမ်းမံ ခြယ်လှယ်၍ အဆန်းတကြယ် လှပ ခိုင်ခန့် ကုန်သော ၊ ရာဇရထာ - မင်းစီးရထားတို့သည် ၊ ၀ေ - စင်စစ် ဧကန် အမှန်ပင် ၊ ဇိရန္တိ - ဟောင်းနွမ်းဆွေးမြေ့ တစ်နေ့နေ့တွင် ပျက်စီး၍ သွားကြရကုန်၏။ အထော - ထို့အပြင် ၊ သရီရမ္ပိ - ကျွေးမွေး သုတ်သင် နေ့စဉ်နှင့်အမျှ မွမ်းမံခြယ်သကာ တယုတယ စောင့်ရှောက်၍ နေကြသော သူသူငါငါ ဤခန္ဓာကိုယ်ကြီးသည်လည်း ၊ ဇရံ ဥပေတိ - ပြုပြင်ရင်းက အိုမင်းဆွေးမြေ့ တရွေ့ရွေ့နှင့် ပျက်စီး၍ သွားရမြဲသာတည်း။ သတဉ္စ ဓမ္မော - ပြုလည်း မပြု ၊ ပြင်လည်း မပြင် ပင်ကိုမြဲတည် သူတော်ကောင်းတို့၏ တရား ဖြစ်သော နိဗ္ဗာန်သည်ကား ၊ ဇရံ - ပျက်စီး ယိုယွင်း ဆိတ်သုဉ်းခြင်းသို့ ၊ န ဥပေတိ - ကမ္ဘာလှဲဖောက် ကပ်တွေ ပျောက်လည်း ဘယ်သောခါမျှ မရောက်နိုင်ပါချေ ။ သန္တော- ဘုရား အစရှိသော သူတော်ကောင်းတို့သည် ၊ သဗ္ဘိ - သူတော်ဥစ္စာ ဘယ်ခါမပြတ် ထိုနိဗ္ဗာန် ချမ်းသာမြတ်ကိုသာလျှင် ၊ ဟေ၀ -စင်စစ်ဧကန် အမှန်ပင် ၊ ပဝေဒယန္တိ - ထုတ်ဖော်မြွက်ဟ ပြောဆို ချီးကျူးကြလေကုန်၏ ။
၄။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ နဘိံ စ - ထက်လဟာပြင် မိုးကောင်းကင်သည်လည်း ၊ ပထဝီတော - မြေပြင်မှ ၊ ဒူရေ -တစ်စပ်တည်းပင် ထင်ရစေကာ အလွန်ပင် ဝေးကွာလှချေ၏ ၊ ပထဝီစ - မြေပြင်သည်လည်း ၊ နဘိံတော - ထက်လဟာပြင်မိုးကောင်းကင်မှ ၊ ဒူရေ - တစ်စပ်တည်းပင်် ထင်ရစေကာမူ အလွန်ပင် ဝေးကွာလှချေ၏ ။ သမုဒ္ဒဿ - တင်းကြမ်းရေပြင်ကမ်းမမြင်သော ပင်လယ် သမုဒ္ဒရာ၏ ၊ ပါရံ - ပရတီရံ - ဟိုမှာဘက်ကမ်းသည် ဩရိမှတိရတော - ဤမှာဘက်ကမ်းမှ ၊ ဒူရံ - မမှန်းဆနိုင်အောင် ဝေးကွာလှချေ၏ ။ ဩရိမှတီရံ - ဤမှာဘက်ကမ်းသည်လည်း ၊ ပါရာပတီရာ - ဟိုမှာဘက်ကမ်းမှ ၊ ဒူရံ - မှန်းဆ မထင်အလွန်ပင် ဝေးကွာလှချေ၏ ။ တံ - ထိုစကားကို ၊ ဝါ - ထိုသို့ပင် ၊ သန္တော - ဘုရား အစရှိသော သူတော်ကောင်းတို့သည် ၊ အာဟု -ပြောဆိုတော်မူကြကုန်၏ ။ သတဉ္စ ဓမ္မော သဒ္ဓမ္မော - သူတော်ကောင်းတို့၏ တရားသည်လည်း ၊ အသတံတမ္မာ အသဒ္ဓမ္မာ -မသူတော်တို့ တရားမှ ၊ တတော - ထို မိုးမြေနှစ်သွယ် ပင်လယ်ကမ်း နှစ်ခုတို့ထက် ၊ ဟေ၀ - စင်စစ်ဧကန် အမှန်ပင် ၊ ဒူရတရံ - အရှေ့အနောက် တောင် နှင့် မြောက်သို့ ထောက်ဆ နှိုင်းညှိ၍ မရအောင် အလွန့်အလွန်ပင် ဝေးကွာလှချေ၏ ဟူ၍ ၊ သန္တော - ဘုရားအစရှိသော သူတော်ကောင်းတို့သည် ၊ ၀ဒန္တိ - မိန့်ဆိုတော်မူကြကုန်၏ ။