filmov
tv
လားရှိုးမြို့ အသားဈေးနှုန်းသတ်မှတ်ချက်နှင့်ပတ်သက်ပြီးတရားဝင် ထုတ်ပြန်

Показать описание
(13.11.2024)ရက်နေ့၊နေ့လည်(2:00)တွင် အထူးဒေသ(1)လားရှိုးမြို့၌တာဝန်ရှိသူများနှင့် ဈေးတာဝန်ခံများ၊ဈေးသူဈေးသားများတွေ့ဆုံကာ အခြေခံစားသောက်ကုန်ဈေးနှုန်းညှိနှိုင်းစည်းဝေးပွဲပြုလုပ်ခဲ့ပြီး (16.11.2024)ရက်နေ့တွင်အသားငါးဈေးနှုန်းသတ်မှတ်ချက်တစ်ခုကိုထုတ်ပြန်ခဲ့ကြောင်းမြေပြင်သတင်းအရ သိရှိရပါတယ်။
လားရှိုးမြို့ပြန်လည်ထူထောင်ရေးကာလအတွင်းကုန်ဈေးနှုန်းကြီးခြင်းများကြောင့် ဒေသခံပြည်သူများစားဝတ်နေရေးခက်ခဲရမှုအပေါ် အခြေခံစားသောက်ကုန်များထဲမှ အသားငါးဈေးကြီးမှုကိုထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး တာဝန်ရှိသူများနှင့်ဈေးတာဝန်ခံများ၊အသားငါးရောင်းချသူ ဈေးသူဈေးသားများတွေ့ဆုံစည်းဝေးခဲ့ကြပါတယ်။ တာဝန်ရှိသူများမှ ကြက်သား၊ဝက်သား၊အမဲသား၊ငါးများကို သတ်မှတ်ဈေးဖြင့်ရောင်းချရန် ရှင်းလင်းပြောကြားခဲ့ပြီး ဈေးသူဈေးသားများက အသားငါး ဝယ်ယူရေးနှင့် သယ်ယူပို့ဆောင်ရေးတို့တွင်ကြုံတွေ့နေရသောအခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထပ်မံပြီး တာဝန်ရှိသူများက လက်ရှိအသားငါးဈေးကို ထိန်းပြီးရောင်းပေးကြရန်၊ရေရှည်တွင် အဆင်ပြေစေရန်အတွက် မွေးမြူရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။လက်ရှိလားရှိုးမြို့တွင် ပြန်လည်ဖွင့်လှစ်ရောင်းချနေသော လာရှိုးကြီးဈေး၊ရပ်ကွက်(5)ဈေး၊ဘူတာဈေး၊ ရပ်ကွက်(2)မြို့မဈေး၊မန်ဆူဈေးနှင့်ကွက်သစ်ဈေး အားလုံးရှိ အသားငါးရောင်းဝယ်သူများကို သတ်မှတ်ဈေးဖြင့်သာ ရောင်းချပေးရန် တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ဈေးသူဈေးသားများတင်ပြသောအခက်အခဲများကိုလဲ ထည့်သွင်းစဉ်းစားကာအချင်းချင်းပြေလည်အောင် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့လဲ သိရှိရပါတယ်။
စည်းဝေးပွဲကိုတက်ရောက်လာသူတစ်ဦးက"ဒိုင်တွေကနေဝယ်ရတဲ့ဈေးကကြီးရင် ကျွန်မတို့လဲ ရောင်းဈေးနဲနဲတက်ရတာပေါ့နော်၊အဲ့လိုမှမဟုတ်ရင် အမြတ်မကျန်ပါဘူးရှင်၊ကုန်ဈေးနှုန်းတွေတက်တော့ စားဝတ်နေရေးအဆင်ပြေအောင် ပုံမှန်လေးတော့ထွက်ရောင်းနေရတာပါဘဲ၊ "လို့ပြောခဲ့ပါတယ်။ဝက်သားရောင်းချသူတစ်ဦးကလဲ"ကျွန်တော်တို့ကတခြားမြို့ကနေသွားယူရောင်းရတာပါ၊ခုနောက်ပိုင်းဝက်မွေးတဲ့သူတွေကလဲရှားလာတော့ ဝက်ရှာရတာလဲခက်လာပါတယ်။ ဆီဖိုး၊အလုပ်သမားခ၊သယ်ယူပို့ဆောင်ခ၊ ဂိတ်ကြေးတွေအပြီးအစီးတွက်လိုက်ရင် အရင်လို အမြတ်သိပ်မကျန်ပါဘူးဗျာ၊ဒီကြားထဲ လေယာဉ်ဗုံးကြဲတဲ့ရက်တွေတုန်းကဆိုဈေးဝယ်သူပါးတော့ အရှုံးကိုပေါ်ရော"လို့ သူတွေ့ကြုံနေရတဲ့အခက်အခဲတွေကိုပြောပြခဲ့ပါတယ်။
တာဝန်ရှိသူတစ်ဦးက"ရောင်းချသူနဲ့ ဝယ်ယူစားသုံးသူနှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ဈေး ရောင်းနိုင်အောင်တော့ညှိယူရမှာဘဲ၊ရှိတဲ့အခက်အခဲကိုတော့ ဖြေရှင်းလို့ရတဲ့နည်းနဲ့ပြေလည်အောင်တော့လုပ်ရမှာပေါ့၊နောက်ပိုင်းရေရှည်အတွက်တော့သယ်ယူပို့ဆောင်ရေး စရိတ်တွေသက်သာအောင် မြို့ထဲမှာဘဲ မွေးမြူရေးလုပ်ငန်းတွေကို မွေးမြူရေးခြံပိုင်ရှင်တွေနဲ့လက်တွဲပြီး လုပ်ဆောင်သွားဖို့ စဉ်းစားထားပါတယ်"လို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
(16.11.2024)ရက်နေ့မှာတော့ အသားဈေးနှုန်းကြီးကြပ်ရေး၊စစ်ဘက်ဆိုင်ရာဈေးထိန်းသိမ်းရေးအဖွဲ့က အသားဈေးနှုန်းသတ်မှတ်ချက်နှင့်ပတ်သက်ပြီးတရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဝက်သားတစ်ပိဿာ-28,000
အမဲသားတစ်ပိဿာ-28,000
ကြက်သားတစ်ပိဿာ-20,000
ကြက်အရှင်တစ်ပိဿာ-35,000--တို့ဖြစ်ပြီးသတ်မှတ်ဈေးထက် လုံးဝပိုမရောင်းဖို့သတိပေးထားကြောင်းလဲ သိရှိရပါတယ်။
#reporterNawphaw(lashioReconstruction)