အာဏာရှင် သွေးပျက်စေတဲ့ ဝန်ကြီးချုပ် နာရေး (ရုပ်/သံ)

preview_player
Показать описание
အာဏာရှင် သွေးပျက်စေတဲ့ ဝန်ကြီးချုပ် နာရေး (ရုပ်/သံ)

ယဉ်မွန်၊ အောက်တိုဘာ ၈၊ ၂၀၂၄

မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယ ဥက္ကဌ (၂) လည်း ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေး ဈာပန အခမ်းအနားကို သောင်းနဲ့ချီတဲ့ မန္တလေးမြို့သူ၊ မြို့သားတွေက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

အမရပူရမှာရှိတဲ့ နေအိမ်ကနေ တောင်အင်းမြောက်အင်းသုဿန်ထိ ကား၊ ဆိုင်ကယ်တွေနဲ့ လိုက်ပါ ပို့ဆောင်ကြသလို လမ်းတလျှောက်မှာလည်း တမ်းတနှုတ်ဆက်သူတွေ၊ အလေးပြုသူတွေနဲ့ ဦးချကန်တော့သူတွေ ရှိခဲ့ပါတယ်။

နာရေးပတ်ဝန်းကျင်တလျှောက် ပြည်သူတွေအပြင် ယူနီဖောင်းဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြောက်အမြားက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး လိုက်ပါခဲ့တာကိုလည်း တွေ့ရပြီး၊ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူက ဦးဆောင်ပြီး လုံခြုံရေး ယူခဲ့တာကို တွေ့ရတယ်လို့လည်း မြို့ခံက ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာ သွေးကင်ဆာ ရောဂါ စတင်ဖြစ်ပွားခဲ့ပြီး၊ အဲ့ဒီရောဂါနဲ့ပဲ ၂၀၂၄ ခုနှစ် အောက်တိုဘာလ၇ ရက်နေ့၊ မနက် ၃ နာရီအချိန်မှာတော့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ရပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၇၃ နှစ်ရှိပြီ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ဒေါက်တာဇော်မြင့်မောင် #မန္တလေး #ဈာပန #NLD
--------------------------------------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Рекомендации по теме
Комментарии
Автор

ကျနော်မန္တလေးသားမဟုတ်ပါဘူး
ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့လက်ထက်မှာ ရွှေမန်းမြေဟာ
အထူးသဖြင့်


ဆရာကြီးဒေါက်တာဇော်မြင့်မောင် ကောင်းရာသုဂတိလားပါစေဘုရား😢🙏🙏🙏

General.GoatSAGF
Автор

မန်းသားတွေ တာဝန်ကျေ။ စစ်ခဝေးတွေ ရှိနေပေမဲ့ ထွက်လာရဲကြ။
ကျွုပ်ထင်တာ ဒေါက်တာ နာရေး ဘယ်ပြည်သူမှ မလာရဲလို့ လူမရှိပဲ ကျင်းပမယ် ထင်ထားတာ။

ကောင်းရာသုဂတိလားပါစေ အဘကြီး။

hanhandimas
Автор

သမိုင်းကောင်းပါတယ်ဆရာဇော်
ဝမ်းနည်းရပါတယ်

❤❤❤❤❤

SandarOo-lxnp
Автор

ဒေါက်တာ
ဝန်ကြီးချုပ် အန်ကယ်
ဦးဇော်မြင့်မောင်ရဲ့ နာရေးကို
ကြည့်ပြီး အတွေးတခုဝင်လာ
ပါတယ် ခင်ဗျာတော်လှန်ရေး
ပြီးဆုံးချိန်မှာ မအလ အပါဝင် အပေါင်းပါတစ်စုကိုလုံးဝ
မသတ်ပဲ မသေမချင်း ထောင်ချထားစေပါတယ်
အဲ့ဒီအုပ်ကကောင်တွေ အား
လုံးကို ထောင်ထဲမှာ တန်ပြန်
ခံစားစေရမယ် တစ်ယောက်မှအလွတ်မပေးဘူး 😢😢😢

ZawlayHtunZawOo
Автор

ကျနော်လည်းကန်တော့ပါတယ်ဆရာ ကျနော်ရန်ကုန်သားပါ

BABY-xv
Автор

အားလုံးကကျေနပ်တယ်တဲ့လေ
သမိုင်းကြောင်းလှပတယ်
ပြည်သူတွေချစ်ကြတယ်

ChoCho-ucfc
Автор

တိုင်းပြည်သာ အေးချမ်းနေရင် ဆရာ့ နာရေးက လူပင်လယ်ကြီး ဖြစ်နေမှာကို မြင်ယောင်မိတယ်။
လက်ရှိ မလုံခြုံတဲ့ ကာလမှာတောင် လူထုတွေက အကြောက်တရားတွေကြားမှာ လူ ထောင်ဂဏာန်းများစွာဖြင့် ဂါရဝပြု နှုတ်ဆက်နေတာကိုကြည့်ပြီး ကြက်သီးထ ဝမ်းနည်းမျက်ရည်ကျရတယ်ဗျာ😢😢😢😢😢 ဆရာ ကောင်းရာ မွန်ရာဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေ🙏🙏🙏🙏🙏

leoleo
Автор

ဝမ်းနည်းကြေကွဲရပါတယ်ဆရာ ကောင်းရာသုဂတိသို့ရောက်ပါစေ

TheinThein-is
Автор

ပြည်သူချစ်သော ဝန်ကြီး ဆရာဇော် ကောင်းရာသုဂတိလာပါစေ❤

tinhtunaung
Автор

မန္တလာသူသားအားလုံးကို လေးစားဦးညွှတ်ပါသည် ဆရာဇော်
ငြိမ်းချမ်းစွာ အနားယူပါတော့ဆရာ အဝေးတစ်နေရာမှ ကန်တော့ပါသည်🙏🙏🙏

okkarphyolay
Автор

ပြုစုပျိုးထောင်ခဲ့တဲ့ ဆရာဇော် ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူပါတော့ဆရာ😢😢

taccatacca
Автор

ဆရာဇော် နေရာမှာ မင်းအောင်လန် ဆိုရင် ပြည်သူတွေက. အခုလို ပို့ဆောင်ဖို့ထက် အိုးစည်ဒိုးပတ်နဲ့ ကခုန်လောက်ပါတယ်

komin
Автор

ဆရာကြီး ကောင်းရာဘုံဘဝမှာအေးချမ်း ပါစေရှင် ကျေးဇူးတရာများကို အမြဲသတိရလျက် ကန်တော့ပါတယ် 🙏🙏🙏

KyawtThuza
Автор

ရင်ထဲဆို.နစ်နေသော်လည်း မျက်နှာပန်းလှပြီး သမိုင်းလှခဲ.ပေးလို့ ကျေးဇူးမမေ့ကန်တော့လျက် ပါ

Seahorse-nvvp
Автор

ဒီလိုအပြည့်အဝရရှိသူဆိုတာ ဘယ်အတားအဆီးကိုမှမမှု အထူးဂုဏ်ပြုအပ်ပါတယ်

KoungKoung-ekyg
Автор

😭😭😭😭😭😭ဒီဘ၀နဲ့ဒီအဖြစ်ဆိုးကြီး ကပြီးလွှတ်မြောက်သွားပါပြီ ကောင်းရာဘုံဘ၀ရောက်ပါစေ ဆရာဇော်

ThazinNaing-vu
Автор

ကောင်းရာဘုံဘ၀ရောက်ပါစေ ၀န်ကြီးချုပ် 🙏🙏🙏

MawmawWin-gc
Автор

လေးစားဦးညွတ်ပါတယ်
ဆရာဇော် ကောင်းရာသုဂတိ
လားပါစေ 🙏🙏🙏

KyawSwar-uuhb
Автор

မျက်ရည်ကျရတယ်ဗျာ 😢😢😭😭၊ နှမျောတသဖြစ်ရပါတယ် ၊ ဆရာဇော် 🙏🙏🙏

MrkyawkyawChit
Автор

ငါ့နှယ်ကွာ သွေးမတော်သားမစပ်
သောက်
ဆရာဘဘကြီးရယ် တာဝန်ကျေပါပြီ ဆရာဘဘကြီးရယ်

Aone-jxzh