စာရေးဆရာမဂျူး(စိတ်ဓာတ်ကျနေသူများနားထောင်ဖို့)

preview_player
Показать описание
▬ Contents of this video ▬▬▬▬▬▬▬▬▬▬

မောင်ဆုရှင် ဘာသာပြန်ရေးသားထားသော ပင်လယ်ပြာနှင့်တံငါအို အကြောင်း

စာအုပ်မဖတ်နိုင်သေးသူများ ဒီ VIDEO လေးကို နားထောင်ကြည့်ဖို့ အကြံပေးလိုပါတယ်

ဆရာမ ဂျူးဟာ မြန်မာစာရေးဆရာမဖြစ်ပြီး ဝေဖန်မှုများစွာနှင့် ရေးသားလာခဲ့ရသော အမျိုးသမီးစာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဆရာမဂျူးကို ရေနံချောင်းမြို့၌ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက် စနေနေ့တွင် အဘ ဦးသောင်းနှင့် အမိ ဒေါ်ငြိမ်းတို့မှ မွေးဖွားခဲ့ပါတယ်။ အမည်ရင်း မှာ တင်⁠တင်ဝင်း ဖြစ်ပြီး မွေးချင်း (၅)ယောက်အနက် တတိယမြောက်လည်းဖြစ်ပါတယ်။

ရေနံချောင်းမြို့တွင် သူငယ်တန်း၊ ကုန်းဇောင်းရွာတွင် သူငယ်တန်းမှ ပဉ္စမတန်းထိ၊ ရေနံချောင်းမြို့အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းများတွင် ဆဋ္ဌမတန်းမှ ဒသမတန်းထိ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၈၃-ခုနှစ်တွင် အမ်ဘီ⁠ဘီအက်စ် ဘွဲ့ရရှိခဲ့ပါတယ်။

၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြခံရသော စာမူ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ် ရှုမဝမဂ္ဂဇင်းပါ သက်ငင်ချစ် (ချစ်ကိုယ်တွေ့) ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်အခြေချနိုင်ခဲ့တယ်။ ၁၉၈၇ ခုနှစ်တွင် ပထမဦးဆုံးလုံးချင်းဝတ္ထုဖြစ်သော *အမှတ်တရ* ဝတ္ထု (ဝေဖန်ခံရသော စာအုပ်) ဖြင့် အောင်မြင်သော စာရေးဆရာမဖြစ်လာခဲ့ပါတယ်။

၂၀၁၈ခုနှစ် ဇူလိုင်လထုတ် *သက်တန့်တို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ* စာအုပ်မှာ ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်) ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဗဟုသုတရစရာစာပေဟောပြောပွဲတွေ Short Videos တွေစုစည်းတင်ပေးမှာဖြစ်လို့ Burmese Talks Youtube Channel လေးကို Subscribe လုပ်ခဲ့ဖို့ တောင်းဆိုချင်ပါတယ်

Source

#ဂျူး
#စာပေဟောပြောပွဲ
#Burmesetalks
Комментарии
Автор

ကျေးဇူးတင်စွာ ကျန်းမာကာ မကြာခဏ မျှဝေနိုင်ပါစေ 🙏🙏🙏

AungAung-hgyg
Автор

ဆရာမ​လေးစားပါတယ် ​ကျေးဇူးလည်းတင်ပါတယ် ကျမသည်စိတ်ဓါတ် အကြိမ်ကြိမ်ကျခဲ့ဘူးပါတယ် anti depressant ​တွေအများကြီး​သောက်ခဲ့ရပါတယ် အခု​တော့ maintainent dose ဘဲ​သောက်ရပါတယ် တပြိုင်နက်ထဲမှာ အဘိဓမ္မာသင်တန်း​တွေကို မဟာ​ဗောဓိမှာ လိုက်တက်ပါတယ် ပဌာန်းသင်တန်း ပဋိစ္စသမုပ္ပသင်တန်း စာအုပ်နှင့်လိုက်မှတ်ပါတယ် ဘုရား တရား သံဃာ တည်းဟူ​သော ရတနာ​တော်မြတ် ၃ ပါး စိတ်ဓါတ်ကျသူများ အမြန်ဆုံး စိတ်ချမ်းသာကြပါ​စေ

tinwin
Автор

ဆရာမ ပြောတာနဲ့တိုက်ဆိုင်သွားလို့ ကျွန်တော်က စာကျက်နေရင်းနဲ့ စာမရလို့ ဒါလေးတွေ့လို့ နားထောင်လိုက်တာ 😂ဆရာမ ပြောသလိုဘဲ စာအုပ်နဲ့ စကားပြောနေမိတာ နင်ကလဲ ခက်လိုက်တာဟာ ငါအခေါက်ပေါင်းမရေနိုင်တော့ဘူး စိတ်ညစ်တယ်ကွာလို့😅😅

MaZinMar-ylnq
Автор

မကြာခန နားထောင်မိသော ကျေးဇူးပါ ဆရာမ❤❤❤❤

zinlinn
Автор

စိတ်ဓာတ်အရမ်းကြက ပါတယ်ဆရာမ ရယ် အရမ်းလဲ စိတ်ညစ် တယ် ဆရာမ တစ်ခါ တစ် ေလကြ ထွက် ေပြးချင်စိတ် ေပါက် တယ် အ ေ၀းကို ေပါ့....😔😔

KoKo-niz
Автор

ကျေးဇူးတင်ပါတယ်ဆရာမ။ စိတ်ဓါတ်ကျနေခဲ့တာကြာပြီ။ အတိုင်းတာတခုထိ စိတ်ခွန်အား ရပါတယ်ရှင့်။

HlaMyatMon-incm
Автор

အမြဲနားထောင်ဖြစ်ပါတယ်ဆရာမရယ်.
အရမ်းလည်းလေးစားပါတယ်..

happyhappy
Автор

ဟုပ်ကဲ့ပါ ဆရာမကြီး ခင်ဗျ ခွန်အားဖြစ်စေတဲ့ ဖြစ်ရပ်ဆန်းလေးပါခင်ဗျ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ ✅💪👍👍👍🌻🙏

tjddphone
Автор

ဆရာမ.စာအုပ်ကို.အမြဲတမ်း. ဖတ်ဖြစ်ခဲ့ပါတယ်

naingnaing
Автор

ဆရာမ ဂျူး ရေ အထူး ကျေးဇူးတင်ပါတယ်နော် ရှင်း ြပတာလေးက အရမ်းကို ြကည် လင်ပါတယ် ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

ninilwin
Автор

အခြေအနေတစ်ခုကြောင့် စိတ်ဓာတ်ကျနေတာ..
နောက်လဲ များများတင်ပေးးပါအုံးး❤❤

bantuhpungsan
Автор

ဆရာမ ရေ အရမ်းသတိရ နေပါတယ်ဗျာ ပြင်ဦးလွင်ကပါဗျာ ။ အရမ်းလေးစား ချစ်ခင်လို့ ဓါတ်ပုံ အတူရိုက်ခဲ့ဖူးတယ်ဗျာ ။

vjvdtf