filmov
tv
ရန်ကုန်တိုင်းသဘင်အဖွဲ့ ပထမဆုံးအဖြစ် သက်ကြီးပူဇော်ပွဲကျင်းပမယ်
Показать описание
သက်ကြီး သဘင်ပညာသည် ၁၅ဝကို ဆေးဝါးနဲ့ ငွေလှူဒါန်းထောက်ပံ့မယ့် သက်ကြီးပူဇော်ပွဲ ကျင်းပနိုင်ရေး ဇူလိုင် ၂ဝရက်နေ့က ရန်ကုန်မြို့မှာ နောက်ဆုံးအဆင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ သဘင်အစည်းအရုံးနဲ့ အစိုးရပေါင်းပြီး ဘာတွေလုပ်ဖို့ရှိလဲ။
အသက်အရွယ် ကြီးရင့်လာတဲ့ သဘင်ပညာသည်တွေဟာ ဝင်ငွေနည်းပါးလာလို့ အခုလို ပထမဆုံးအကြိမ်အဖြစ်နဲ့ ရန်ကုန်တိုင်း သဘင်ပညာသည်များ အစည်းအရုံးအနေနဲ့ ပူဇော်ပွဲကျင်းပတာဖြစ်ပြီး အစိုးရအကူအညီနဲ့ လှည်းကူးမှာ နားနေဆောင်ဆောက်လုပ်ဖို့ ရန်ပုံငွေ ဂီတပွဲလည်း ကျင်းပမှာဖြစ်တယ်လို့ ဦးစိန်ကြည်မိုးက ပြောပါတယ်။