အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ အတိုက်ခံရ (ရုပ်/သံ)

preview_player
Показать описание
အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ အတိုက်ခံရ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို
တော်လှန်ရေး ပူးပေါင်းတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့
Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

နမခ ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့
တပ်ရင်းတွေဆီ ရိက္ခာနဲ့ စစ်အင်အားပို့ဆောင်ရာမှာ အရေးပါတဲ့ စစ်ဌာနချုပ်တခုဖြစ်သလို၊
အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်(လပခ)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အပြင်
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နဲ့ပါ
ထိစပ်နေတာကြောင့် စစ်ကောင်စီအတွက်တော့ နယ်မြေစိုးမိုးရေးမှာ အရေးပါတဲ့
နေရာတခု ဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမခ-ဒုတိုင်းမှူး အဆောင် ရှော့တိုက်ဒုံးထိမှန်ကာ
ပြိုကျပျက်စီးခဲ့ပြီး ဗိုလ်ကြီးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးသလို၊
ထိခိုက်ရရှိမှုတွေ ရှိတယ်လို့ BWM အဖွဲ့က ထုတ်ပြန်ကြေညာထားပေမယ့် ဧရာဝတီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

#မြန်မာ #ဧရာဝတီ #နမခ #ရှော့တိုက်ဒုံး #မုံရွာ #BWM
--------------------------------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Комментарии
Автор

ကောင်းလိုက်တဲ့သတင်း။ နောက်သတင်း ။ စစ်ခွေးဆိုးယုတ် ဘောမကင်းစင် မြန်မာပြည် တခွင်။

sandaw
Автор

1027 စစ်ဆင်ရေး
မဟာမိတ်တပ်တော်အပေါင်းတို့သည် တိုက်ပွဲတိုင်း အောင်နိုင်ကြပါစေ ဘေးကင်းကြပါစေ

KoMyo-dqkr
Автор

အကုန်လစ်ကုန်ရမာချော့တိုက်
အလုံးသုံးဆယ်လောက်သာပစ်ကွာ

kaungpyae-kr
Автор

ငှက်တွေပေးမနားနဲ့
ငါးတွေကုန်ပေါ်ပေးမတက်နဲ့

minthu-uheu
Автор

ထိခိုက်မှုက သေချာရဲ့လား ဟုတ်မှလဲလုပ်ပါ မောင်ကာလုရဲ့

UWinHlaing-sfwz