ရွှေဘို စိုင်ဒိုးရွာက စစ်ပြေးပြည်သူ (၄၀၀)ကျော် နေထိုင်နေရတဲ့ စစ်ရှောင်စခန်း၊

preview_player
Показать описание
ဆောင်းရာသီ အအေးဒဏ် ကာကွယ်ဖို့ အဝတ်အထည်၊ စောင်တွေ အကူအညီတွေ လိုအပ်နေ၊

MFP ၊ အောက်တိုဘာ - ၂၁
Video - သံဃမေတ္တာ ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့

စစ်ကိုင်းတိုင်း ရွှေဘိုနယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက် သတ်ဖြတ် မီးရှို့သောင်းကျန်းနေလို့ ဒေသခံ ပြည်သူတွေ စစ်ပြေးနေရပြီး စိုင်ဒိုးရွာမှာ ယာယီတဲတွေထိုးကာ စစ်ပြေး ပည်သူ (၄၀၀)ကျော် ခိုလှုံနေရတယ်လို့ အဲ့ဒီ စစ်ရှောင်စခန်းကို သွားရောက်ခဲ့တဲ့ သံဃမေတ္တာ ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

"လူပေါင်း(၄၀၀)ကျော် မိုးကာနဲ့ ဝါးကပ်ခင်းပြီး နေကြရပါတယ်၊ မကြာခင် ဆောင်းတွင်းရောက်တော့မှာ ဖြစ်လို့ အသင့်တင့် မိုးလုံပေမယ့် လေမလုံတဲ့အတွက် မကြာခဏ ဖျားနာတာတွေ ရှိတယ်လို့ ပြောကြပါတယ်။ အအေးဒဏ်ကို ကာကွယ်နိုင်ဖို့ မိုးကာ နဲ့ စောင်၊ အနွေးထည်တွေ လိုအပ်နေပါသေးတယ်၊" လို့ သံဃမေတ္တာ ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ က ဖော်ပြပါတယ်။

သံဃမေတ္တာ ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ဟာ ယမန်နေ့က ရွှေဘိုမြို့နယ် စိုင်ဒိုးကျေးရွာ စစ်ရှောင်စခန်းကို သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူ(၄၀၀)ကျော်အတွက် ဆန်အိတ် (၂၂)အိတ် လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

သံဃမေတ္တာ ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ဟာ မန္တလး သံဃသမဂ္ဂ ဆရာတော်တွေ ဦးဆောင်ဖွဲ့စည်းထာတာ ဖြစ်ပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေကို လိုအပ်နေတဲ့ ပြည်သူတွေထဲ ပြန်လည်မျှေ၀ လှူဒါန်းပေးလျှက်ရှိကာ အလှူရှင်တွေ အနေနဲ့ သံဃာ့မေတ္တာ ပြည်သူ့စောင့်ရှောက်ရေးအဖအဖွဲ့ရဲ လုပ်ငန်းတွေမှာ တတ်နိုင်သမျှ ပူးပေါင်းပါဝင် လှူဒါန်း ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ရွှေဘိုနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ရွာမီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေလို့ ပြည်သူတွေ စစ်ပြေးနေရပြီး စစ်ပြေးပြည်သူ အများစုက မီးရှို့မခံရသေးတဲ့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြပေမယ့် ဆွေမျိုးနီးစပ်တွေရဲ့ အိမ်တွေပါ မီးရှို့ခံရတဲ့ ပြည်သူတွေကတော့ ခိုလှုံစရာ နေရာမရှိဘဲ ယာယီတဲတွေထိုးကာ စစ်ဘေးရှောင် နေထိုင်နေကြရတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းက မြို့နယ် (၃၀)ကျော်မှာ နေအိမ်အလုံး (၂၀၀၀၀)ကျော် စစ်အုပ်စုရဲ့ မီးရှို့ဖျက်ခြင်းခံထားရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #စိုင်ဒိုးရွာ #စစ်ပြေးပြည်သူ #ပြည်သူ #စစ်ရှောင်တဲ
Комментарии
Автор

ပြတာကအရေးမကြီးဘူး $🐕တွေ✈နဲ့လာနေဦးမယ် အစစအရာရာဂရုစိုက်ကြပါ🙏🙏🙏

nyeinthu