ရှမ်းပြည်တောင်ပိုင်းသို့ တစ်ခေါက်

preview_player
Показать описание
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေမှာ မူးယစ်ဆေးဝါးကြောင့် လူနေမှုအဆင့်အတန်း နိမ့်ကျလျက်ရှိနေပါတယ်။
ခရီးစဉ်အတွင်းမှာ သွားခဲ့တဲ့ ကျေးရွာ ၁၀ ရွာထဲမှာ ၇ ရွာလောက်က စာသင်ကျောင်းမရှိတာကိုတွေ့ရပါတယ်။

အချို့ကျေးရွာတွေမှာဆို စာသင်ကျောင်းလိုလားပေမဲ့ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ခြိမ်းခြောက်မှုအောက်မှာနေရတဲ့ ရွာတွေဆိုရင် စာသင်ကျောင်းဖွင့်ပေးမဲ့ အဖွဲ့အစည်းရှိရင်တောင် လက်ခံဖို့ ခက်ခဲနေဆဲပါ။

ပညာရေး နိမ့်ပါးတဲ့အတွက်ကြောင့် စစ်ဒဏ် မူးယစ်ဒဏ် အလူးအလဲခံနေရပြီး မိသားစုအရေးထက် ဘိန်းနပ်မှန်ဖို့ ပိုအရေးကြီးလာတာမို့ ကလေးငယ်တွေရဲ့အနာဂါတ်လှပဖို့ မိဘတွေကိုယ်တိုင် အာရုံမစိုက်နိုင်တော့ပါဘူး။

ဒီခရီးစဉ်မှာ စေတနာရှင် အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ မရှိဆင်းရဲတဲ့ကျေးရွာတွေဆီကို ဆေးဝါးအချို့ သွားရောက်ကူညီနိုင်ခဲ့ပါတယ်။

ရိုက်ကူး/တင်ဆက်- မိုင်းအတ္တ၊ ရွှေဖီမြေ
#ရှမ်းတောင် #ကျေးသီး #မိုင်းနောင် #ကွန်ဟိန်း #အလည်တခေါက်