ထမြောက်ရာနေ့ ဥပသ်နေ့ ကျမ်းစာတပိုဒ်လောက်ပြနိုင်သူအားအမေရိကန်ဒေါ်လာ ၁၀ သန်းပေးမည်

preview_player
Показать описание
ယနေ့ခေတ်ခရစ်ယာန် ယုံကြည်သူများ အကျွန်ပ်မေးသော မေးခွန်းဖြေဆိုနိုင်သူအား အမေရိကန် ဒေါ်လာ ၁၀၀၀၀၀၀
ပေးမည် ယေရှူ့ခရစ်တော်က ငါသည်သေခြင်းမှ ထမြောက်
သောနေ့ ထိုနေ့သည် အသင်၏ ဘုရားသခင်သေခြင်းမှထ
မြောက်သောကြောင့် သတ္တမနေ့ ဥပုသ်နေ့ ပထမနေ့သို့
အောက်မေ့ရာနေ့ ဟူ၍ပညတ်တော်ပြောင်းလဲခဲ့သည်ဟူ၍
ကျမ်းစာ တပိုဒ်လောက်ပြနိုင်သူအား အမေရိကန်ဒေါ်လာ
၁ သန်းပေမယ် ဘယ်သူဖြေနိုင်သလဲ ဖြေဆိုပါ

ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​များ​ကို ဖျက်​ပယ်​ခြင်း​ငှာ ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ဖျက်​ပယ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ပြည့်​စုံ​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။- ငါ​အ​မှန်​ဆို​သည်​ကား၊ ကောင်း​ကင်​နှင့် မြေ​ကြီး မ​ပျက်​စီး​မီ​တိုင်​အောင်၊ ပ​ည​တ္တိ​ကျမ်း၌ အ​ငယ်​ဆုံး​သော စာ​လုံး​ဗိ​န္ဓု​တစ်​လုံး​မျှ ပြည့်​စုံ​ခြင်း​သို့ မ​ရောက်​မီ မ​ပျက်​စီး​ရ။- ထို​ကြောင့် အ​ကြင်​သူ​သည်၊ အ​ငယ်​ဆုံး​သော ပ​ညတ်​တစ်​ခု​ကို ကိုယ်​တိုင်​လွန်​ကျူး၍ သူ​တစ်​ပါး​တို့​အား​လည်း ထို​အ​တူ​သွန်​သင်၏။ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ အ​ငယ်​ဆုံး​သော​သူ ဖြစ်​လိမ့်​မည်။ အ​ကြင်​သူ​သည် ကိုယ်​တိုင်​ကျင့်၍ သူ​တစ်​ပါး​တို့​အား​လည်း သွန်​သင်၏။- ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ ကြီး​သော​သူ ဖြစ်​လိမ့်​မည်။ သင်​တို့​ကျင့်​သော​အ​ကျင့်​သည် ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့ ကျင့်​သော​အ​ကျင့်​ထက် မ​လွန်​မ​သာ​လျှင်၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ကြ​ဟု ငါ​အ​မှန်​ဆို၏။- ထို​ကြောင့် သင်​သည် ပူ​ဇော်​သ​ကာ​ကို ယဇ်​ပ​လ္လင်​သို့​ဆောင်​ယူ​ခဲ့​လျက် သင်၏​ညီ​အစ်​ကို​သည် သင်၌ အ​ပြစ်​တင်​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​သည်​ဟု အောက်​မေ့​သ​တိ​ရ​လျှင်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ ပူ​ဇော်​သ​ကာ​ကို​ထား၍ သွား​လော့။-
ရှင်​မဿဲ​ခ​ရစ်​ဝင် ၅:၁၇-၂၀, ၂၃

အ​ကယ်​စင်​စစ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​တို့​အား​မ​ဖော်​မ​ပြ​ဘဲ အ​ဘယ်​အ​မှု​ကို​မျှ စီ​ရင်​တော်​မ​မူ။
အာမုတျအနာဂတ်တိကမျြး ၃:၇

မ​ကောင်း​ကို​အ​ကောင်း၊ အ​ကောင်း​ကို​မ​ကောင်း​ဟု ခေါ်​တတ်​သော​သူ၊ အ​လင်း​အ​ရာ၌ အ​မိုက်၊ အ​မိုက်​အ​ရာ၌ အ​လင်း​ကို​လည်း​ကောင်း၊ အ​ချို​အ​ရာ၌ အ​ခါး၊ အ​ခါး​အ​ရာ၌ အ​ချို​ကို​လည်း​ကောင်း၊ အ​လွဲ​ယူ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​သည် ပ​ညာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​သော​သူ၊ သ​မ္မာ​သ​တိ​နှင့် ပြည့်​စုံ​သည်​ဟု ထင်​မှတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ဟေ​ရှာ​ယ​အ​နာ​ဂ​တ္တိ​ကျမ်း ၅:၂၀-၂၁

က​ပေ​ရေ​နောင်​မြို့​သို့ သွား​ကြ​လျှင်၊ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ချက်​ချင်း​တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-ရှင်​မာ​ကု​ခ​ရစ်​ဝင် ၁:၂၁

ဥ​ပုသ်​နေ့​ရောက်​လျှင် တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ လူ​များ​တို့​သည် ကြား​နာ​ရ​လျှင် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်၍၊ ဤ​သူ​သည် ဤ​အ​ရာ​တို့​ကို အ​ဘယ်​မှာ​ရ​သ​နည်း။ သူ​ရ​သော ပ​ညာ​ကား အ​ဘယ်​ပ​ညာ​နည်း။ ဤ​မျှ​လောက်​သော တန်​ခိုး​များ​ကို အ​ဘယ်​သို့ ပြ​နိုင်​သ​နည်း။-
ရှင်​မာ​ကု​ခ​ရစ်​ဝင် ၆:၂

ကြီး​ပွား​တော်​မူ​ရာ နာ​ဇ​ရက်​မြို့​သို့ ရောက်​ပြန်​လျှင်၊ ထုံး​စံ​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ကျမ်း​စာ​ကို ဖတ်​ရွတ်​ခြင်း​ငှာ ထ​တော်​မူ၏။- ဇ​ရပ်​စောင့်​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ​ကို ပေး​သည်​ဖြစ်၍၊ ကျမ်း​စာ​ကို​ဖွင့်​တော်​မူ​လျှင် တွေ့​သော​အ​ချက်​စ​ကား ဟူ​မူ​ကား၊-
ရှင်​လု​ကာ​ခ​ရစ်​ဝင် ၄:၁၆-၁၇

လူ​များ​တို့​သည် တ​ရား​ဇ​ရပ်​မှ ထွက်​သွား​ကြ​စဉ်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို မိ​မိ​တို့​အား နောက်​ဥ​ပုသ်​နေ့၌ ဟော​ပြော​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- နောက်​ဥ​ပုသ်​နေ့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နား​ထောင်​အံ့​သော​ငှာ တစ်​မြို့​လုံး ကုန်​မ​တတ်​စည်း​ဝေး​ကြ၏။- ယု​ဒ​လူ​တို့​သည် အ​စည်း​အ​ဝေး​တို့​ကို မြင်​လျှင် ငြူ​စူ​သော​စိတ်​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ပေါ​လု၏​စ​ကား​ကို ငြင်း​ခုံ​သည်​သာ​မ​က ဆဲ​ရေး​ကြ၏။- ထို​အ​ခါ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ် တ​ရား​တော်​ကို သင်​တို့​အား ရှေ့​ဦး​စွာ ဟော​ပြော​ရ၏။ သို့​သော်​လည်း သင်​တို့​သည်​ပယ်၍ ထာ​ဝ​ရ​အ​သက်​ကို မိ​မိ​တို့ မ​ခံ​ထိုက်​သည်​ဟု မိ​မိ​တို့​စီ​ရင်​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မှာ​တော်​မူ​သည်​အ​တိုင်း ငါ​တို့​သည်​မျက်​နှာ​ကို​လွှဲ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ လှည့်​ကြ၏။-
တ​မန်​တော်​ဝ​တ္ထု ၁၃:၄၂, ၄၄-၄၆