“ယာယီသမ္မတကြီးရဲ့ ခြောက်လသစ်”

preview_player
Показать описание
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတရာထူးရယူအပြီး ပထမဆုံး ကာ/လုံအစည်းအဝေးကို ဇူလိုင် ၃၁ ရက် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။
အဲဒီမှာ စားပွဲထိပ်ဆုံးမှာထိုင်နေတဲ့ သူ့ရှေ့မှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ယာယီသမ္မတဆိုတဲ့ နာမည်ပြားတွေ ချထားတာတွေ့ရပါတယ်။
ထုံးစံအတိုင်း အဲဒီအစည်းအဝေးမှာ သက်တမ်းခြောက်လထပ်မံရယူခဲ့ပါတယ်။
ဒီမှာထူးခြားတာကတော့ အရင် စားပွဲညာဘက်ထောင့်က ကာချုပ်အနေနဲ့ မဟုတ်တော့ဘဲ လာမယ့်ခြောက်လကို သူလုပ်ချင်တဲ့ ယာယီသမ္မတအနေနဲ့ပါ လုပ်ရတော့မှာပါ။
အာဏာထပ်ယူရခြင်း အဓိကအချက်နှစ်ချက်အနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့နဲ့ တိုက်ပွဲတွေကြောင့်လို့ အကြောင်းပြပါတယ်။
အဲဒီလို အရေးပေါ်ကာလ သက်တမ်း ခြောက်ကြိမ်မြောက်ထပ်တိုးတဲ့နေ့မှာပဲ ရှမ်းမြောက်က မိုးမိတ်မြို့ကို တအာင်းတပ် TNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ သိမ်းပိုက်ခြင်းခံလိုက်ရပြန်ပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်ကတော့ လေမလျှော့သေးဘဲ ဆုံးရှုံးနယ်မြေတွေကို ပြန်လည်ရယူမယ်လို့ ကာ/လုံ အစည်းအဝေးမှာ ကြုံးဝါးသွားပါတယ်။
အဲဒီအစည်းအဝေးဟာ သူလုပ်ချင်ရာတွေကို သူ့ဘာသူ ဖတ်ကြားပြီး သူ့ကိုယ်သူ အဆိုပြန်တင်သွင်းတဲ့ပုံစံပဲ ပေါက်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ တက်ရောက်လာသူတွေအားလုံး ဝိုင်းဝန်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။
အဲဒီမှာ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေက မကောင်းသေးဘဲ ကိုယ့်ဘာကိုယ်တောင် မရပ်နိုင်သေးဘူးလို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားသွားပါတယ်။
#CJPlatform #ဒီတစ်ပတ်ဘာထူးလဲ #မင်းအောင်လှိုင်