ကွာရှင်းထားပေမယ့် တစ်လင်တစ်မယားဥပဒေနဲ့ ထောင်ကျနိုင်တဲ့အကြောင်းများ

preview_player
Показать описание
ဒီတစ်ပတ်မှာတော့ လူမှုရေးကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းတွေထဲမှာ အမေးများတဲ့

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ အကြောင်းကို ရွေးချယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေရဲ့ ရည်ရွယ်ချက်ဟာ
1 = ဥပဒေနဲ့အညီ လက်ထက်ကြတဲ့သူတွေ တစ်ဦးနဲ့တစ်ဦးသစ္စာရှိပြီးသာယာတဲ့အိမ်ထောင်တစ်ခုတည်ဆောက်နိုင်ဖို့၊
2= တစ်လင်တစ်မယားစနစ်ကျင့်သုံးပြီး အမျိုးသမီးတွေ တရား မဝင်မယားအဖြစ်ရောက်ရှိခြင်းကနေ ကာကွယ်ဖို့၊
3 = အိမ်ထောင်ဘက်တစ်ဦးထက်ပိုပြီး ယူတဲ့အတွက်ဖြစ်ပွားလာနိုင်တဲ့
အိမ်ထောင်ရေးပြသနာနဲ့အိမ်ထောင်ရေးမှုခင်းတွေကိုတားဆီးနိုင်ဖို့၊
4 = အမျိုးသား၊အမျိုးသမီးတွေရဲ့ ကိုယ်ကျင့်တရားပိုပြီး ထိန်းသိမ်းနိုင်ကြဖို့အတွက်
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းခဲ့တာဖြစ်တယ်လို့ အဲဒီ ဥပဒေရဲ့ ပုဒ်မ(၄) မှာ အချက် (၄) ချက်နဲ့ ဖော်ပြထားပါတယ်။

ပုဒ်မ ၁၀ နဲ့ ၁၂ မှာ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်း အရဖြစ်စေ။ ထိမ်းမြားလက်ထပ်ထားခြင်းအတည်ဖြစ်နေတဲ့အချိန်ကာလအတွင်းမှာ နောက်ထပ်တစ်ဦးနဲ့ ထပ်ပြီးတော့ လက်ထပ်တာမလုပ်ရဘူး၊ လင်မယားအဖြစ် တရားမဝင် နေထိုင်တာမျိုးလည်း မလုပ်ရဘူးလို့ ပြဌာန်းထားပါတယ်။

ဒါကြောင့် အိမ်ထောင်ရေးအတည်ဖြစ်နေတဲ့အချိန်မှာ နောက်ထက်အိမ်ထောင်တစ်ခုကိုထူထောင်လိုက်ရင် ၊ လင်မသိအောင်၊ မယားမသိအောင်တရားမဝင် အိမ်ထောင်ခိုးပြုနေရင် အဲဒီသူကို ပုဒ်မ (၁၃) အရ အမြင့်ဆုံး ထောင်ဒဏ် (၇) နှစ် အပြင် ငွေဒဏ်လည်း ချမှတ်လို့ရတယ်လို့ပြဌာန်းထားပါတယ်။

ပုဒ်မ- ၁၇ မှာထူထူးခြားခြားးပြဌာန်းထားတာကတော့ အိမ်ထောင်ရှိပါလျှက်နဲ့ အိမ်ထောင်သည်ဖြစ်ကြောင်းကို ထိန်ချန်ထားပြီး လူပျို၊အပျိုယောင်ဆောင်ကာ ထပ်မံအိမ်ထောင်ပြုခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် ၁၀နှစ်အထိချမှတ်လို့ရပြီး ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ဒီပြစ်မှုကိုကျူးလွန်းတဲ့သူကိုတော့ ခရိုင်တရားရုံးအဆင့်မှာ စစ်ဆေးစီရင်မှာပါ။
ဒါ့အပြင် ဒီလို လူပျို၊အပျိုယောင်ဆောင် ကာ ထပ်မံအိမ်ထောင်ပြုတဲ့သူတွေကို ပုဒ်မ ၁၇ပါအတိုင်း ပြစ်မှုနဲ့တရားစွဲနိုင်သလို နစ်နာသူ တရားမကြောင်းအရလည်းထပ်မံတရားစွဲဆိုနိုင်တယ်လို့ပြဌာန်းထားပါတယ်။

လူမှုရေးကိစ္စတွေမှာ ပုံစံမျိုးစုံနဲ့ ရှုပ်ထွေးမှုတွေရှိနေတတ်တာကြောင့် အခုလက်တလောမှာလည်း ဒီဥပဒေကို လက်ကိုင်စွဲပြီး တရားရုံးတွေမှာ ဖြေရှင်းပေးနေရတဲ့အမှုလည်းဖြစ်နေပါတယ်။
ဒါကြောင့် ကျနော်တို့ရဲ့ Your legal Trust ကနေ မိတ်ဆွေတို့ သင့်သိသိထိုက်တဲ့ ဥပဒေတွေကို ရွေးထုတ်ပြီး ဆိုလိုရင်းတွေမပျက်ရအောင် အနှစ်ချုပ်ပြီး ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။

မိတ်ဆွေတို့အနေနဲ့လည်း တခြားသိချင်တဲ့ ဥပဒေအကြောင်းအရာတွေရှိရင် မက်ဆင်ဂျာကနေ မေးခွန်းတွေရေးပို့ပြီး မေးမြန်းနိုင်ပါတယ်။

နောက်တစ်ပတ်မှာလည်း အခုလို မှတ်သားစရာကောင်းတဲ့ ဥပဒေပုဒ်မတွေကိုရွေးချယ်ပြီး တင်ဆက်ပေးပါဦးမယ်ခင်ဗျာ။
အားလုံးလည်း ဥပဒေဘောင်အတွင်း နေထိုင်ပြီး အိမ်ထောင်ရေးတွေ သာသာယာယာရှိကြပါစေခင်ဗျာ။

Your legal Trust
Комментарии
Автор

အရမ်းကောင်းတဲ့  ဥပဒေ တွေ ပေါ့  ။ ဒါကြောင့်  ကမ္ဘာ ကျော်တာ ။

uhtwetet