filmov
tv
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က စစ်ရေး ပြင်ဆင်မှုများ ပိုမိုလုပ်ဆောင်လာ

Показать описание
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်မှုများဟာ ယခင်ကထက် ပိုမိုများပြားလာနေကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာလ ၄ ရက်နေ့က တရားဝင် သတင်းထုတ်ပြန် အသိပေးထားသည်။
ရခိုင်ပြည်နယ်တွင် လောလောဆယ် တိုက်ပွဲများမဖြစ်ပွားသေးသော်လည်း စစ်ကောင်စီတပ်၏စစ်ရေးလှုပ်ရှားမှု၊ စစ်ရေး ပြင်ဆင်မှုများမှာ ယခင်ထက်ပိုမိုများပြားလာနေသည်ကိုတွေ့ရှိနေရကြောင်း ၊မည်သည့်ဒေသများတွင် စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားမှု ၊စစ်ရေးပြင်ဆင်နေသည်ကိုအသေးစိပ်မဖော်ပြသော်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်စစ်ရေးလှုပ်ရှားမှု အခြေအနေကို စတင်ဖော်ပြလာခြင်းဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းဖက်တွင် ရက္ခိုင့်တပ်တော်အပါအဝင် ကိုးကန့်၊ တအာင်းတပ်ဖွဲ့တို့က အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီအား ထိုးစစ်ဆင်တိုက်ခိုက်လျှက် ရှိနေပြီး ထိုသို့သော အခြေနေကြောင့် ရခိုင်ဖက်တွင်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်စစ်ရေး အခြေနေများ တင်းမာလျက်ရှိနေကြကြောင်း သိရှိရသည်။
AA တိုက်ပွဲဝင်နေသည့် ထီးချိုင့်၊ ကောလင်း အပါအဝင် စစ်ကိုင်းရှိ ဒေသအများအပြားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် စစ်ကိုင်းစစ်ကြောင်းက စစ်ကောင်စီတပ်နှင့် ရဲစခန်းများအား စခန်းသိမ်းတိုက်ပွဲများ စတင်ဆင်နွှဲနေခြင်းဖြစ်ပြီး စခန်းအများအပြား စီးနင်းတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။
ရက္ခိုင်ဒေသတွင် AAနှင့် စစ်ကောင်စီတပ်တို့သည် လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲရေးကို ၂၀၂၂ နှစ်ကုန်ပိုင်းက ပြုလုပ်ထားခြင်းဖြစ်သော်လည်း စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်သည်ဟု AAက ထုတ်ဖော်ပြောဆိုထားသည်။
ယခုလပိုင်းအတွင်း ရခိုင်တွင် စစ်ကောင်စီဖက်မှ စစ်ရေးလှုပ်ရှားမှုနှင့် လက်နက်ရိက္ခာဖြည့်တင်းမှုတို့ ဆက်တိုက်ရှိခဲ့ပြီး မင်းပြားတိုင်းဗဟို(၉) နှင့် ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းတို့မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုတို့လည်းရှိခဲ့ကာ လတ်တလော စစ်ကောင်စီတပ်တို့ လှုပ်ရှားမှုပိုနေသည့်မြို့နယ်များမှာ ကျောက်တော်၊ အမ်းနှင့် ကျောက်ဖြူ မြို့တို့အပြင် တောင်ကုတ်၊ မြေပုံတို့လည်းပါဝင်နေကြောင်း သိရသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး စတင်ဖော်ဆောင်ချိန်မှစ၍ ရန်သူ့ စစ်တပ်စခန်း အကြီး၊ အငယ်နှင့် ယာယီတပ်စခန်းများစုစုပေါင်း (၁၀၀) ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း အသိပေးထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြည်သူများသည် မိုခါမုန်တိုင်းဒဏ်ကြောင့် အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ကြရပြီးနောက် ယခုအချိန်ဟာ စပါးရိတ်သိမ်းချိန်ရောက်ရှိနေပြီဖြစ်တာကြောင့် တိုက်ပွဲများဖြစ်လာမှာကို စိုးရိမ်နေကြကြောင်းသိရသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေချိန် ရခိုင်မြောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ရိက္ခာ၊ လူနှင့် လက်နက်အင်အားများကို တိုးချလာမှုများရှိကြောင်း စောင့်ကြည့်လေ့လာနေသူများက ပြေကြားထားသည်။
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
Subscribe our channel:
Follow us:
Website :
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Комментарии