တရုတ်-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့

preview_player
Показать описание
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့ တရုတ်-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း အောက်တိုဘာ ၂ ရက်က ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်-ရုရှားသည် အပြန်အလှန်အားဖြင့် အကြီးဆုံး အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသလို ကမ္ဘာ့အကြီးဆုံးနှင့် အဓိက ထွန်းသစ်စဈေးကွက်နိုင်ငံများ ဖြစ်ကြကြောင်း ပြောကြားခဲ့သည်။ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ကြာ ကာလတွင် နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ၊ နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံအကျိုးစီးပွားကို ရှေးရှုပြီး သမိုင်းအတွေ့အကြုံများကို နက်ရှိုင်းစွာ ခြုံငုံသုံးသပ်သည့် အခြေခံပေါ်တွင် တရုတ်-ရုရှား ဆက်ဆံရေး စဉ်ဆက်မပြတ် အရည်အသွေးမြင့် အဆင့်မြှင့်တင်ရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ကြပြီး ထာဝရချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်း ဆက်ဆံရေး၊ ဘက်စုံမဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်ရေး၊ အပြန်အလှန် အကျိုးဖြစ်ထွန်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရေးသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ အနှစ်သာရ အရှိဆုံး ဝိသေသလက္ခဏာ ဖြစ်လာကြောင်း၊ အထူးသဖြင့် ခေတ်သစ်ကာလ မိမိနှင့် သမ္မတ ပူတင်တို့၏ အတူတကွ လမ်းညွှန်ဦးဆောင်မှုအောက်တွင် နှစ် ၁၀၀ ၌ မကြုံတွေ့ရဖူးသည့် အပြောင်းအလဲများကို ရင်ဆိုင်သည့်အခါ နှစ်ဖက်နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုများ စဉ်ဆက်မပြတ် ပိုမို နက်ရှိုင်းလာပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ သိသာထင်ရှားလာသလို ခေတ်အဆက်ဆက် ချစ်ကြည်ရေးသည် လူတို့စိတ်နှလုံးတွင် စွဲမြဲလျက်ရှိရာ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွား တိုးတက်ရေး၊ တန်းတူညီမျှ စနစ်ကျသည့် ကမ္ဘာဗဟုအသွင်ပြောင်းရေးနှင့် အများအကျိုးဖြစ်ထွန်းသော အားလုံးပါဝင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအသွင်ပြောင်းရေးကို တွန်းအားပေးရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း ၎င်းက ဖော်ပြခဲ့သည်။

ရှီကျင့်ဖိန်က မိမိအနေဖြင့် တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အထူး အလေးထားရာ သမ္မတ ပူတင်နှင့်အတူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည်အခါအခွင့်တွင် နှစ်ဖက်ဆက်ဆံရေး ရှေ့သို့ ဦးတည်လျှောက်လှမ်းရအောင် ခိုင်မာစွာ ဆောင်ရွက်သွားမည် ဖြစ်ပြီး တရုတ်-ရုရှား ဘက်စုံထောင့်စုံ လက်တွေ့ပူးပေါင်းဆောင်ရွက်များကို စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်သွားလိုကြောင်း၊ နှစ်နိုင်ငံ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီအသွင်ပြောင်းမှု တည်ဆောက်ရေးကို အတူတကွ မြှင့်တင်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အကျိုးသစ်များ ဆောင်ကြဉ်းသွားလိုကြောင်း အလေးထားပြောကြားခဲ့သည်။

ပူတင်က ရုရှား-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည်အခါသမယတွင် လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ရာစုနှစ် လေးပုံ သုံးပုံက မိမိတို့နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကမ္ဘာတွင် ပထမဆုံး အသိအမှတ်ပြုခဲ့ပြီး တရုတ်နိုင်ငံတော်သစ် တည်ထောင်ခြင်းနှင့်အတူ နီးကပ်သည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်များကို လျင်မြန်စွာ တည်ဆောက်ခဲ့ပါကြောင်း၊ ရုရှား-တရုတ် နီးကပ်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ဆက်ဆံရေးသည် အချိန်၏ ဆန်းစစ်မှုကို အောင်မြင်စွာ ခံနိုင်ရည်ရှိခဲ့ရာ နိုင်ငံတကာနှင့်ဒေသရေးရာ ကိစ္စရပ်များတွင် ထိရောက်မှုမြင့်မားသည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သလို တရားမျှတမှုရှိသော ဗဟိုအသွင် ကမ္ဘာ့ အခင်းအကျင်း တည်ဆောက်ရေးကို အတူတကွ ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း၊ နှစ်ဖက်စလုံးက မိမိနှင့် သမ္မတ ရှီကျင့်ဖိန် တွေ့ဆုံစဉ် ရရှိခဲ့သည့် သဘောတူညီချက်များကို ဘက်စုံအကောင်အထည်ဖော်ကာ ရုရှား-တရုတ် ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုး ခိုင်မာအောင်၊ ယူရေးရှား ကုန်းမြေနှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး တည်ငြိမ်အောင် မြှင့်တင်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
#China #Russia #XiJinping #Putin #DiplomaticRelations #တရုတ် #ရုရှား #ရှီကျင့်ဖိန် #ပူတင် #သံတမန်ဆက်ဆံရေး
Комментарии
Автор

❤️❤️❤️💕🇨🇳🇷🇺💕❤️❤️❤️ Congratulations 🎉🎉🎉👍💯👏👏👏

koa