ယောနိသောမနသိကာရ

preview_player
Показать описание
ယောနိသောမနသိကာရ
.......................
စာသံပေသံပါနေတော့ ကျွန်တော်တို့နဲ့ သိပ်အလှမ်းဝေးနေတယ်
ဘုန်းကြီးကျောင်းဗီရိုထဲက လက်သုံးလုံးလောက်ထူတဲ့ ကျမ်းထဲမှာ
ဆရာတော်တွေသာ ကျက်မှတ်သင်ယူရတဲ့ စကားလုံးအဖြစ် မှတ်ယူခဲ့တာမျိုးပေါ့

မြန်မာလို အဓိပ္ပာယ်ဖွင့်ကြည့်မှ ဘဝထဲကို ဆွဲသွင်းလို့ရသွားတယ်
နှလုံးသွင်းမှန်ကန်ရမယ်တဲ့
သူနဲ့တွဲနေတာက သဒ္ဒါပါ ယုံကြည်မှုပေါ့

ကောင်းစေခြင်သည့်သဘောနှင့် ​ပြောဆိုခဲ့သည်ဆိုပါစို့
လက်ခံဖို့ဆိုတာ ဒီလူကငါ့ကို ကောင်းစေလို၍ ပြောခြင်းဖြစ်တယ်ဆိုတဲ့
ယုံကြည်မှု သဒ္ဒါက ပဓာနအနေနဲ့ လိုအပ်တယ်

အဲ့ဒီကနေတစ်ဆင့်တက်ပြီးမှ နှလုံးသွင်းမှန်ကန်မှုဆိုတာ ဖြစ်ပေါ်လာတာပါ
ကိုယ့်ရဲ့အပြုအမူအယူအဆ​တွေကို သူကဒီလိုမြင်နေတယ် 
မှားနေရင်လည်း ဝန်ခံပြုပြင်လိုက်မယ် မှန်နေရင်လည်း ဒီအကြောင်းဒီအချက်ကြောင့်
ဒီလိုယူဆရပါတယ်လို့ ဆွေးနွေးတိုင်ပင်မယ် ဒါကိုမှ ယောနိသောမနသိကာရ
နှလုံးသွင်းမှန်ကန်တယ်လို့ ခေါ်ထိုက်တာပါ

ဘာပြောပြော​ ခေါင်းငုံ့ခံတာမျိုးက စကားနဲရန်စဲသဘောမျှသာပါ
ကိုယ့်အတွက်သူ့အတွက် ဘာမှအကျိုးဖြစ်ထွန်းလိမ့်မယ်မထင်ဘူး

ရှေးကလူရွှင်တော်ကြီးတွေ ပျက်လုံးထုတ်သလိုပေါ့
ခန္တီ စ မနိုင်လို့ သည်းခံရခြင်းသည်၄င်းတဲ့ အဲ့ဒီလိုပဲဖြစ်ပါလိမ့်မယ်

ကိုယ့်ရဲ့ပြောဆိုစကားကို ကျေနပ်နှစ်သက်စွာ
လက်မခံနိုင်သူတွေလည်း လောကမှာရှိတတ်ပါတယ်
ဒါကသဘာဝပါ  အမိနဲ့သားမှာတောင် အမေပြောသမျှသားက
အလုံးစုံနားထောင်တတ်တာမျိုးမှ မဟုတ်တာ

​ဖြတ်သန်းရတဲ့ ခေတ်အချိန်အခါ ပတ်ဝန်းကျင်  ကွဲပြားမှုကြောင့် 
အတွေးအခေါ်အယူအဆထပ်တူကျဖို့ မဖြစ်နိုင်ဘူးလေ

ဒီလိုဖြစ်လာရင်တော့ ဥပေက္ခာနဲ့ ကျေနပ်နှစ်သိမ့်နိုင်ဖို့ လိုအပ်တယ်

အများပြောနေကြလို သူဘာဖြစ်ဖြစ်​ပစ်ထားလိုက်တော့မယ်
ပြုမရပြင်မရရပြောမရဆိုမရ ဘယ်သွားသွားဘာလုပ်လုပ်
သူ့အ​ကြောင်းနဲ့သူရှိပါစေတော့ဆိုတာ
မြတ်ဗုဒ္ဓဟောကြားတဲ့ မှန်ကန်တဲ့ ဥပေက္ခာမဟုတ်ပါဘူး

မြတ်ဗုဒ္ဓရဲ့  ဥပေက္ခာဆိုတာ သူအတွက်ကောင်းစေချင်သည့်
စိတ်ရင်းစေတနာမပျက် သူအတွက်လိုအပ်လာရင် 
ကိုယ်ကပြုမြဲအတိုင်းပြုလုပ်ပေးရပါမယ်
ကိုယ့်သဘောကို ကျေနပ်နှစ်သက်စွာ နှလုံးမသွင်းနိုင်သည်ထားပါစေအုံး
ဒါကသူ့အကြောင်း သူ့ကိစ္စသာ​​​ဖြစ်တယ်လို့ နှလုံးသွင်းဖို့ပါ

ဆရာဝန်ကလူနာကို ​ပြန်ကောင်းလာအောင် ပြုလုပ်ပေးလို့မရပါဘူး
လူနာကိုယ်တိုင်က ဆရာဝန်လမ်းညွှန်တဲ့အတိုင် ပြုမှုနေထိုင်ပြီး
ညွှန်းဆိုတဲ့ဆေးကိုစားပါမှ ရောဂါပြောက်ကင်းမှာပါ

ဆရာသမားက တပည့်ကို လူ​တော်လူကောင်းဖြစ်လာစေဖို့
ပြုလုပ်ပေးလို့ မရပါဘူး တပည့်ကိုယ်တိုင်က ဆရာညွှန်ပြတဲ့အတိုင်း
လေ့လာသင်ယူပါမှဖြစ်မှာပါ

အမိအဖကလည်း သားသမီးကို အသိပညာတတ်အောင် ပြုလုပ်ပေးလို့မရနိုင်ပါဘူး
ကျောင်းကောင်းကောင်းထား ဂိုက်ကောင်းကောင်းခေါ်ပြီး သင်စေဖို့သာ လုပ်နိုင်ပါတယ်
သားသမီးကိုယ်တိုင်က တကယ်လေ့လာသင်ယူမှ တတ်မြောက်နိုင်တာမျိုးပါ

မြတ်ဗုဒ္ဓဟော​ကြားတော်မူခဲ့သလိုမျိုးပေါ့ အတ္တဟိအတ္တနောနာထောတဲ့
မိမိရဲ့ကောင်းခြင်းဆိုးခြင်းဟာ ပဓာနအားဖြင့် မိမိနဲ့သာအသက်ဆိုင်ဆုံးပါ
အပြင်လောကက အထောက်အပံ့ရယ်သာပါ

မည်သူမှမည်သူ့ဘဝကိုမှ ကောင်းစေခြင်၍ဖြစ်စေ မကောင်းစေခြင်၍ဖြစ်စေ
စိုမိုးလို့ ချယ်လှယ်လို့ မရစကောင်းပါဘူး
အထောက်အပံ့အားဖြင့် လမ်းညွှန်ပြသခြင်းသာ ပြုလုပ်ပေးနိုင်ပါတယ်........

သန်းထွန်းလေး ☆ အင်းတဲရွာ