Khit Thit သတင်းဌာန၏ ဩဂုတ် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

preview_player
Показать описание
Khit Thit သတင်းဌာန၏ ဩဂုတ် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၄၈ ဦးကတော့ အသီးသီး သေကုန်ကြပြီး ၊ စစ်သားတွေရဲ့ အလောင်း ၃၁ လောင်းကို ရရှိခဲ့သလို ၊ လက်နက် ၁၅ လက် ၊ ဒရုန်း ၂ စီးနဲ့ ခဲယမ်းတွေပါ သိမ်းဆည်း ရရှိခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထား ပါတယ်။

- ပဲခူးတိုင်း ၊ သုံးဆယ်မြို့၊ အနောက် သပြေကုန်းရပ်ကွက်မှာ အကြမ်းဖက် စစ်ကောင်စီက ပြည်သူ့လုံ ခြုံရေးကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းဖို့ အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အတွင်း သက်ကြီးပိုင်း အမျိုးသား ၁၀ ဦးကို ရွေးချယ်လိုက်ပြီး သာယာ၀တီ ခလရ ၃၅ မှာ စစ်သင်တန်း ၁ လ စတက်ရ တော့မှာဖြစ်တယ်လို့ အနောက်သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်သိန်းက အသိပေး ပြောဆိုလိုက်ပါတယ်။

- ရခိုင်ပြည်နယ်မှာ အာရက္ခတပ် AA ကို အကြမ်းဖက် စစ်ကောင်စီနဲ့ မွတ်စလင် လက်နက်ကိုင် အာဆာအဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့အပြင် ၊ ဘူးသီးတောင်မြို့မှာ အရပ်သားပြည်သူတွေကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်း ဗိုလ်မှူး လှိုင်ဝင်းထွန်း ဆိုသူက ဝန်ခံထွက်ဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Комментарии
Автор

မင်းအောင်လှိုင်ကျရှုံး ပြည်သူများသာနိုင်ပါစေ တရားသောစစ်နိုင်ရမေ

kyaukphyuchannel
Автор

ဒီချုပ်ဥက္ကဌနာမည်ပျက်အောင် အများလေးစားမှုပျက်ပြားအောင်

dnotes
Автор

မအလစောက်ပု ညစ်တွန်း တွန်းနေပြီ၊ အနောက်နိုင်ငံကြီးတွေနဲ့ ယူအန်(န်) ကလုံးဝသူ့ကိုမကြည်တော့တာ ဒီအပတ်အတွင်း ဆက်တိုက်လိုပြောလာလို့။
ပြည်သူတွေကတော့ စောက်ဂရုမစိုက်ပေါင်၊ ဒီနွေဦးတော်လှန်ရေးစကထဲက ဘယ်သူ့အကူအညီမှမပါ၊ ပြည်တွင်းကပြည်သူတွေ ပြည်ပကပြည်သူတွေရဲ့ ချွေးနည်းစာ၊ တိုင်းရင်းသားညီနောင်များ၊ တပ်တွင်းဖရဲသီး၊ စီဒီအမ်(မ်) နဲ့ ပြည်သူကြားကပေါက်ဖွားလာတဲ့ ပီဒီအက်(ဖ်)ရဲဘော်လေးတွေ၊ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေ၊ ဒါဘဲ။

bsdbhmdfawp
Автор

အောင်ခမ်းထီ ရဲ့ PNO ဟာ ၊စကစ နဲ့အတူချေမှုန်းခံရတော့မယ် ။

myooo
Автор

❤Mingalar par khit thit newspaper အားလုံးကျမ်းမာပါစေ❤❤❤❤❤

tinkhaing
Автор

ပွဲကတော့လှပြီ ပြည်သူအသက်65နှစ်အထိဆိုတော့ သားအဖခြင်း တည်ပေးတဲ့ပွဲ ပြည်သူအပေါင်း ညီညွတ်ကြ နိုးထကြ ရရာလက်နက်နဲ့ စခတွေကို တွန်းလှန်ဖြိုဖျက်ကြ အရေးတော်ပုံအောင်နေပြီ

MmAs-hk
Автор

မင်္ဂလာပါ ညီငယ် နငယ်
ကျန်းမာဘေးကင်းပါစေ ❤

awaiyar
Автор

အောက်ခြေပြုတ်မှ အမြန်အောင်မြင်မည် ။ ရက/ အုပ်တွေ ရာအိမ်မှုးတွေ့ ဘောမ တယ် မြန်မာ့နိုင်ငံ အေးချမ်းမည်

konaing-hwyh
Автор

ပြည်သူကလုံခြုံတယ်
စခတွေကြောင့်မလုံခြုံတာ
မင်းတို့ စခတွေအသက်ရှည်ဖို့ ငါတို့ပြည်သူတွေက အတင်းအဓမ္မခိုင်းစေမှုနဲ့ သေပေးရဦးမယ်ပေါ့
ဆုတောင်းကြ ဆုတောင်းကြ
စခ ဂေါင်းကြီးတို့ရေ

htoohtoo-uz
Автор

ပြည်သူတွေ အခြေခံ...
လူတန်းစားတွေ ကုန်စျေးနှုန်းဒဏ်
ကျောကော့အောင် ခံနေရချိန်မှာ...
ခု..လာပြန်ပြီ သက်ကြီးရွယ်အိုတွေ
ပါ မချန် စစ်သင်တန်းတက်တဲ့...
ပြည်သူ့အာဏာ လုလိုက်တာက...
ပြည်သူတွေကို နည်ူမျိုးစုံနဲ့...
ဒုက္ခပေး နှိပ်စက်ဖို့ပါလားဟ...။

MarTin-ps
Автор

မဂ်ာညနေပိုင်းပါ ကျေးဇူးတင်ပါ၏
ခေတ်သစ်

dpmtdpmt
Автор

ရှင်းရှင်းလေးပါ ဆယ်အိမ်မှူး ရာအိမ်မှူး အုပ်ကြီးတွေကို ရှင်းပလိုက် စစ်မှု့ထမ်းရင်လည်းသေမဲ့အတူတူ ကိုယ်ကဉီးအောင်စော်

MaHtar-wq
Автор

မဂ်လာပါကိုနငယ်ရေ ခေတ်သစ်လဲ ဒီထက်မက အောင်မြင်ပါစေ ❤❤❤❤❤❤❤❤❤❤❤❤❤🎉🎉🎉🎉🎉🎉🎉🎉

khaingmin-jbjz
Автор

အထီးမှန်သမျှ စစ်တိုက်ထွက် အော်
သူများနိုင်ငံက ကျူးကျော်စစ် ဆိုထားတော့ ခုတော့ ခေါင်းဆောင်ခေါ်ခေါင်းရှောင် နင်ကိုယ်တိုင် ရှေ့တန်းထွက်

MaNantHtike
Автор

မဂ်လာပါ ခေတ်သစ် အားလုံးဘေးကင်းကြပါစေ တို့ပြည်သူတွေ ဂရုစိုက် ကြပါ တို့ပြည်သူတွေ 🙏🌹🙏🌹🙏🌹

mumumu
Автор

ငယ်တဲ့သူတွေရှေ့တန်းလွှတ် ကြီးတဲ့သူတွေအသေခိုင်း မအလစောက်ပုကြီး

YuzanaWaiAung
Автор

Thank you so much Ko Na Nge and Khit Thit Media. Best Regards.

mumulindebauer