မြဝန်းတဲ့ရစ်ခွေ - မန္တလေးသိန်းဇော် | Mya Wun Tae Yit Khway - Mandalay Thein Zaw

preview_player
Показать описание
#မြဝန်းရယ်တဲ့ရစ်ခွေ
___________________
ပူဇနိယမှတ်တမ်း(၂၀၂၄)

သာသနာတော်ပြု ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့သည် ဝေနေယျာအပေါင်း မကောင်းမှုကို ရှောင်၍ ကောင်းမှုကို ဆောင်နိုင်ကြစေရန် တိုက်တွန်းနိူးဆော် ဆုံးမသြဝါဒပြုလိုသည့် ဉာဏ်ပညာနှင့် မေတ္တာဂရုဏာကို ဆောင်ပုဒ်ကဗျာအလင်္ကာအမျိုးမျိုးအဖြစ် ပြုစုတတ်ကြပါ၏ ။

အဘအောင်မင်းခေါင်၏ အတိတ်တဘောင် (ကဗျာ) များသည် အနက်အဓိပ္ပါယ် အလွန်ပင် ကျယ်ဝန်းလှ၍ မိမိတို့၏ ပါရမီထိုးထွင်း ဉာဏ်အလင်းနှင့် ဆက်စပ်ကာ ထိုက်ရာတန်ရာသော အသိ၊ သတိ ဖြစ်ပေါ် ရရှိစေနိုင်မည် ဖြစ်ပါသည်။

ဤ (မြဝန်းတဲ့ရစ်ခွေ) တဘောင်တေးကဗျာ တစ်ပုဒ်လုံးတွင် လွမ်းမာဘွယ်ရာ လှပသည့် စကားအဓိပ္ပါယ်များစွာနှင့် သံသရာခရီး၊ သာသနာ့ခရီး ဟုဆိုအပ်သည့် ထိုခရီး နှစ်တန်၏ လေးနက်သော သဘောဓမ္မများစွာ ဖော်ပြ ပါဝင်လျက်ရှိရာ ဝိဇ္ဇာဓာတ်ခံ အသိဉာဏ်ဖြင့် အလေးဂရုပြု နားဆင် ခံယူနိုင်ကြပါစေကြောင်း မေတ္တာဆန္ဒ ပြုရပါသည်။

ဥပမာအားဖြင့် ဤတဘောင်ကဗျာ၏ အဆုံးအချပိုဒ်တွင် (ရေဆွဲတဲ့ကြိုး / ရေးဆွဲတဲ့ကြိုး) ဟု နှစ်မျိုး ပါရှိပါသည်။ အဆုံးပုဒ်တွင် (ရေဆွဲတဲ့ကြိုး)မှ (ရေးဆွဲတဲ့ကြိုး) ဟု သီဆိုထားခြင်းမှာ ဂီတသံစဉ်ကြောင့် အသံထွက် ရွေ့ပါသွားသည်မျိုး မဟုတ်ပါ၊ စာရေးသားရာ၌ မှားယွင်း သွားခြင်းလည်း မဟုတ်ပါ။ အပြင် အဓိပ္ပါယ်နှင့် အတွင်း အဓိပ္ပါယ်ကို ထပ်ဆင့် ကွန့် ၍ ဖော်ပြကာ နက်နဲသော အတွေးဉာဏ် ပွင့်လင်း နိုင်စေရန် ရည်သန်သည် ဟု ယူဆပါသည်။

အဘအောင်မင်းခေါင်မည်သော ဝိဇ္ဇာပုဂ္ဂိုလ်မြတ်၏ ပညာတန်ဆောင် (မြဝန်းတဲ့ရစ်ခွေ) တဘောင်တေးသွားအား မိမိ သုံးပါးကံမြောက် နှစ်ထောင်းအားရ ထုတ်ဖော် ပူဇော်ခွင့်ရခြင်းအတွက် တေးပြုဆရာ ဂီတမှူးဦးသန်းဝင်းကြွယ်၊ အလေးအမြတ် ကြိုးပမ်းအားထုတ် တီးမှုတ် ပူဇော်ကြသော စန္ဒရားဘသန်းတင် တေးဂီတအဖွဲ့၊ မဟာရန်ကုန်စံပြ မြစည်သူ ဆိုင်းအဖွဲ့တို့နှင့် ပုံနှင့်ဂုဏ် သင့်လျော်စွာ ရိုက်ကူတည်းဖြတ် ပူဇော်ရာတွင် ဝန်းရံဆောင်ရွက်ပေးကြသည့် ဓာတ်ပုံ(ဦး)ပီတာ၊ ဒါရိုက်တာ(ကို)ဖိုးဇော်၊ ဒါရိုက်တာပဏ္ဍိတတို့အား AZADA Art Myanmar မှ ကျေးဇူးမှတ်တမ်းတင်အပ်ပါသည် ။

မန္တလေးသိန်းဇော်
AZADA Art Myanmar
Комментарии
Автор

အရင်ကဆိုပြီသား သီချင်းတွေ
ပြန်ဆိုစေချင်ပါတယ်
အရင်က အသံသွင်းထားတာ
သိပ်မကြိုက်ဖူးလားလို့ပါရှင့်

KosChitsone
Автор

မဂျလာပါ

ငယ်တုန်းအခါကလည်းအရမ်းချော


အားပေးလျက်ပါ။

Makhin-tz
Автор

အဆို အက အတီး အလွန်လိုက်ဖက် လှသဖြင့်ကြည့်ကောင်းပါတယ်

maungmaung-ol
visit shbcf.ru