နဂါးတွန့် တံခါးပေါက်၊ (Nagatunt City Gate ၊ City gate of wiggling dragon) ပြည်မြို့၊ သရေခေတ္တရာ ၊

preview_player
Показать описание
နဂါးတွန့် တံခါးပေါက် (Nagatunt City-Gate ၊ City-gate of wiggling dragon) ပြည်မြို့၊ သရေခေတ္တရာ၊ Sri Ksetra ၊ Pyu ancient city.

နဂါးတွန့်တံခါးပေါက်သည် သရေခေတ္တရာမြို့ဟောင်း၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။ ၁၉၇၀-၇၁ ခုနှစ်တွင် တူးဖော်ခဲ့သည်။ မြို့ရိုး၏ အဝင်လက်ဝဲဘက် အုတ်ရိုး လက်တံမှာ တစ်ဆစ်ချိုးကွေ့ထားသည်။ လက်ယာဘက် အုတ်ရိုးလက်တံမှာ ခပ်ပြေပြေ ကွေ့ထားပြီး မြို့ရိုးအတွင်းဘက်သို့ သွယ်တန်းနေသည်။ မြို့ရိုးလက်တံနှစ်ခုမှာ အတွင်း ဘက်သို့ ရောက်သောအခါတွင် လက်တံနှစ်ခုကို ယှဉ်လျက်တွေ့ရသည်။

နဂါးတွန့် တံခါးပေါက်၏ ထူးခြားမှုမှာ အနောက်မြောက်ထောင့်ဘက်တွင် အတွန့်လေး ဖြစ်နေပါတယ်၊ အကာအကွယ် အရံအတားအဖြစ် တွန့်ထားကြောင်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်၊

သရေခေတ္တရာမြို့ဟောင်းတွင် ထိန်းသိမ်းထားသော မြို့ရိုးတံခါးပေါက် (၉) ခု ရှိသည့်အန က် နဂါးတွန့် တံခါးပေါက်ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်၊

သရေခေတ္တရာ မြို့ဟောင်းရှိ မြို့ဝင်ပေါက် ပုံသဏ္ဍာန်များသည် အခြားသော ပျူမြို့ ဟောင်းများ ဖြစ်သော ဟန်လင်းမြို့ဟောင်း, ဗိဿနိုးမြို့ဟောင်းတို့၏ မြို့ဝင် တံခါးပေါက် ပုံသဏ္ဍာန်များနှင့် တူညီနေကြောင်း တွေ့ရှိခဲ့ရပါတယ်၊

နဂါးတွန့် တံခါးပေါက် အရှေ့ဘက်ကပ်လျက်ရှိသော အုတ်မြို့ရိုးဟောင်းသည် ဗြိတိသျှ ကိုလိုနီခေတ်တွင် ပြည်- ပေါက်ခေါင်း ကားလမ်းအဖြစ် အသုံးပြုခဲ့ရာ ယနေ့တိုင် အောင် ဖြစ်ပါတယ်လို့ ဆိုကြပါတယ်၊
သရေခေတ္တရာ မြို့ဟောင်း(ပျူးမြို့ဟောင်း)မှာ
မြို့အဝင်တံခါးပေါင်း တံခါးကြီး (၃၂၃) ပေါက်၊ တံခါးငယ် (၃၃) ပေါက် ရှိခဲ့ကြောင်း သမိုင်း တွေမှာ ဖော်ပြထားပေမဲ့ လက်ရှိမှာတော့ အရှေ့ဘက်ရှိ မု‌ဋ္ဌောပေါက်နဲ့ တွင်းဗြဲပေါက်၊ အနောက်ဘက်ရှိ ရွှေတံခါးပေါက်နှင့် မုတ်ရှည်ပေါက်၊ တောင်ဘက်ရှိ ရဟန္တာပေါက်၊ ဘီလူးမပေါက်နဲ့ သာယာဝတီပေါက်၊ မြောက်ဘက်ရှိ နတ်ပေါက်နဲ့ နဂါးတွန့်ပေါက်တို့ အဖြစ် အမည်ပဲ ကျန်နေခဲ့ကာ မျက်မြင်အနေနဲ့ကတော့ နတ်ပေါက်တံခါး၊ နဂါးတွန့်တံခါး၊ လုလင်ကျော်တံခါး၊ ရဟန္တာတံခါးတွေကိုပဲ တွေ့ရပါတော့တယ်။

#နဂါးတွန့် တံခါးပေါက်
#Nagatunt City Gate
#City gate of wiggling dragon
#Pyay
#ပြည်မြို့
#သရေခေတ္တရာမြို့ဟောင်း
#Sri Ksetra
#Pyu ancient city
Комментарии
Автор

တချိန်က
သာသနာပိုင်ဖြစ်ခဲ့ဘူးတဲ့
ရှင်မဟာရဌသာရ
အရှင်သူမြတ်
သီတင်းသုံးတော်မူခဲ့တဲ့

သမိုင်းဝင်စေတီ
ရှင်မဟာရဌသာရကျေက်စာတိုင်လဲ
သမိုင်းဝင်အဖြစ်ရှိပါတယ်
အဲဒီရဲ့အရှေ့ဖက်မှာတော့
ကမ္မဌာန်းအလင်းပြ


hlakyi
join shbcf.ru