filmov
tv
ဘရဏီ/ရေး-ရွှေပြည်အေး/သုံးပန်လှ/ ရေး-တက္ကသိုလ်လှ/ဇွတ်ချစ်မယ်/ ရေး-တက္ကသိုလ်စိုး/ဆို-သိန်းတန် LPJ

Показать описание
ဘရဏီ
ရေး-ရွှေပြည်အေး
ခင်စရာ မင်စရာ ရူပါရုံချောသူသက်လျာ
ကြင်နာစွာ မောင့်စိတ်ထဲမှာ ချစ်မိတာ ကြိုက်မိတာ စေတနာ ဝေဖြာ ခင်သူဇာလှပျို မျက်နှာ
အသည်းထဲမှာစွဲတာ ထာဝစဥ်သာခင်တာ
ဂေါ်သဇင်ပန်း ပွင့်လန်း နန်းဥယျာဥ်မှာ
ချူချင်သော်လည်း စိတ်ထဲ ရဲသွေးမဝင်ပါ
ခင်နှမသက်လျာ သနားကြင်နာခွင့်ပေးဖို့ရာတောင်းပန်ရတာ
သဒ္ဓါဟုန်ဇောမနောပြောလို့မကုန်ပါ
ခင်မင်မှုလေး ရှေ့ရေးတွေးမိပြန်တာ
ရွှေပါးအပ်ကာ စကားချိုသာ
စောင့်စားသူ့မောင့်ကိုကြည်ဖြူစေချင်တာ
ချစ်မေတ္တာဖြိုးကြွကာ မိုးကျမယ်အလှသူဇာ
ကြည်နူးစွာဖူး စာဖက်နဲ့
အကြောင်းဆက်နိုင်အောင်သာ
အိုး ဒေဝါသိကြားမစပါ
သုံးပန်လှ
ရေး-တက္ကသိုလ်လှ
နေ့ညထာဝစဥ်မြဲတယ် မောင့်စိတ်ထဲမှာကွယ်
ခင့်မျက်နှာသာရည်မှန်း လှမ်းဖို့မြန်းဖို့ရွယ်
ခင့်ရူပါရုံ အသည်းဝယ် စွဲလန်းမိပါတယ်
မောင့်ချစ်ခင်ရယ် တကယ်ပဲ မမုန်းဘူး ချစ်ပါ့မယ်
သက်လှယ် ချစ်ဦးမောင့်သက်လှယ်
ဘယ်လမ်းသို့ မှန်းရွယ် လိုက်ရပါမယ်အချစ်ရယ်
မောင့်အသည်းစွဲအချစ်ရယ်
နောင်မလွဲပဲဖြင့်တကယ် ချစ်ချစ်ပါ့မယ်
မိုးနတ်မယ် သူဇာနွယ် ရူပါလှတာရယ်
သူငါကျစရာ မူယာပြကာ ပြုံးလိုက်ရင်ကွယ်
ဖိုးလနှယ် တူပါတယ် ဖြူတာဝတာရယ်
မြူကာပါ့ကွယ် အတူမကွာ နှမရသည်
ပေါင်းဖို့သာရွယ်
ခုဘဝရယ် နောက်ဘဝရယ် ဖြစ်လေရာဘဝမယ်
ငှက်ဖြစ်ရင်ကွယ် တစ်သက်ချစ်ချင်တယ်
တစ်ကိုင်းတည်း နားနေမယ်
အို မောင့်သက်လှယ် ယုံပါကွယ်
ရွှေဂဟေဆက်ကာရယ် ကြင်ကြင်ပါ့မယ်
ခင်ခင်နှမရယ် ချစ်ချစ်ပါကွယ်
ဇွတ်ချစ်မယ်
ရေး-တက္ကသိုလ်စိုး
အလှဂုဏ်ကိုးသူရယ် ဟိုတစ်ခါမြင်ကတည်းကွယ်
စိတ်ထဲအသည်းထဲဝယ် ပယ်ဖျက်လို့မရတယ်
ချိုပြုံးလွန်းတယ် မျက်နှာသွယ် တစ်ကိုယ်လုံးချောမို့ ချစ်စဖွယ် အသည်းထဲစွဲကာရယ်ဇမ္ဗူတစ်ခွင်ဝယ် ပြိုင်သူရယ် မတွေ့နိုင်ဖူးကွယ် မောင့်စိတ်ထဲရယ်
ခင့်တစ်ယောက်သာစွဲတယ်
တစ်ယောက်ဆို တစ်ယောက်ပါ့ကွယ်
အလှဂုဏ်ကိုးတယ် ချောလှသူရယ်
သူ့ခြေတစ်လှမ်းကွယ် ကုဋေကုဋာ
သိန်းသန်းတန်တော့တယ်
(ချစ်ပါတော့လား ကြင်ပါလား ခင်ခင်ရယ်)၂
ချစ်သည်းနွယ် အဟုတ်ကို ချစ်တော့မယ်
(ခင်ရယ် ကြင်မယ် သက်လှယ် မျက်ခြယ်)၂
ဇွတ်ကိုချစ်တော့မယ်
🎸မူရင်းတင်သူများအား Credit ပေးပါသည်🎸𝕬𝕾𝖔𝖒𝖆
ရေး-ရွှေပြည်အေး
ခင်စရာ မင်စရာ ရူပါရုံချောသူသက်လျာ
ကြင်နာစွာ မောင့်စိတ်ထဲမှာ ချစ်မိတာ ကြိုက်မိတာ စေတနာ ဝေဖြာ ခင်သူဇာလှပျို မျက်နှာ
အသည်းထဲမှာစွဲတာ ထာဝစဥ်သာခင်တာ
ဂေါ်သဇင်ပန်း ပွင့်လန်း နန်းဥယျာဥ်မှာ
ချူချင်သော်လည်း စိတ်ထဲ ရဲသွေးမဝင်ပါ
ခင်နှမသက်လျာ သနားကြင်နာခွင့်ပေးဖို့ရာတောင်းပန်ရတာ
သဒ္ဓါဟုန်ဇောမနောပြောလို့မကုန်ပါ
ခင်မင်မှုလေး ရှေ့ရေးတွေးမိပြန်တာ
ရွှေပါးအပ်ကာ စကားချိုသာ
စောင့်စားသူ့မောင့်ကိုကြည်ဖြူစေချင်တာ
ချစ်မေတ္တာဖြိုးကြွကာ မိုးကျမယ်အလှသူဇာ
ကြည်နူးစွာဖူး စာဖက်နဲ့
အကြောင်းဆက်နိုင်အောင်သာ
အိုး ဒေဝါသိကြားမစပါ
သုံးပန်လှ
ရေး-တက္ကသိုလ်လှ
နေ့ညထာဝစဥ်မြဲတယ် မောင့်စိတ်ထဲမှာကွယ်
ခင့်မျက်နှာသာရည်မှန်း လှမ်းဖို့မြန်းဖို့ရွယ်
ခင့်ရူပါရုံ အသည်းဝယ် စွဲလန်းမိပါတယ်
မောင့်ချစ်ခင်ရယ် တကယ်ပဲ မမုန်းဘူး ချစ်ပါ့မယ်
သက်လှယ် ချစ်ဦးမောင့်သက်လှယ်
ဘယ်လမ်းသို့ မှန်းရွယ် လိုက်ရပါမယ်အချစ်ရယ်
မောင့်အသည်းစွဲအချစ်ရယ်
နောင်မလွဲပဲဖြင့်တကယ် ချစ်ချစ်ပါ့မယ်
မိုးနတ်မယ် သူဇာနွယ် ရူပါလှတာရယ်
သူငါကျစရာ မူယာပြကာ ပြုံးလိုက်ရင်ကွယ်
ဖိုးလနှယ် တူပါတယ် ဖြူတာဝတာရယ်
မြူကာပါ့ကွယ် အတူမကွာ နှမရသည်
ပေါင်းဖို့သာရွယ်
ခုဘဝရယ် နောက်ဘဝရယ် ဖြစ်လေရာဘဝမယ်
ငှက်ဖြစ်ရင်ကွယ် တစ်သက်ချစ်ချင်တယ်
တစ်ကိုင်းတည်း နားနေမယ်
အို မောင့်သက်လှယ် ယုံပါကွယ်
ရွှေဂဟေဆက်ကာရယ် ကြင်ကြင်ပါ့မယ်
ခင်ခင်နှမရယ် ချစ်ချစ်ပါကွယ်
ဇွတ်ချစ်မယ်
ရေး-တက္ကသိုလ်စိုး
အလှဂုဏ်ကိုးသူရယ် ဟိုတစ်ခါမြင်ကတည်းကွယ်
စိတ်ထဲအသည်းထဲဝယ် ပယ်ဖျက်လို့မရတယ်
ချိုပြုံးလွန်းတယ် မျက်နှာသွယ် တစ်ကိုယ်လုံးချောမို့ ချစ်စဖွယ် အသည်းထဲစွဲကာရယ်ဇမ္ဗူတစ်ခွင်ဝယ် ပြိုင်သူရယ် မတွေ့နိုင်ဖူးကွယ် မောင့်စိတ်ထဲရယ်
ခင့်တစ်ယောက်သာစွဲတယ်
တစ်ယောက်ဆို တစ်ယောက်ပါ့ကွယ်
အလှဂုဏ်ကိုးတယ် ချောလှသူရယ်
သူ့ခြေတစ်လှမ်းကွယ် ကုဋေကုဋာ
သိန်းသန်းတန်တော့တယ်
(ချစ်ပါတော့လား ကြင်ပါလား ခင်ခင်ရယ်)၂
ချစ်သည်းနွယ် အဟုတ်ကို ချစ်တော့မယ်
(ခင်ရယ် ကြင်မယ် သက်လှယ် မျက်ခြယ်)၂
ဇွတ်ကိုချစ်တော့မယ်
🎸မူရင်းတင်သူများအား Credit ပေးပါသည်🎸𝕬𝕾𝖔𝖒𝖆