နေအိမ်တွင် ဖဲကစားနေသည့် ကြံ့ဖွတ်ပါတီစည်းရုံးရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

preview_player
Показать описание
#နေအိမ်တွင်ဖဲကစားနေသည့်ကြံ့ဖွတ်စည်းရုံးရေးမှူးပစ်ခတ်ရှင်းလင်းခံရ

တိုက်ကြီးမှ ကြံ့ဖွတ်ပါတီစည်းရုံးရေးမှူး၊ ပျူစောထီးခေါင်းဆောင်နှင့် ရာအိမ်မှူး ဝင်းမောင် နှင့် ဝါးခယ်မမှ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

20 June 2024

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ သဲဖြူပိန်းရှိုလေးကျေးရွာတွင် ကြံ့ဖွတ်ပါတီ၏ စည်းရုံးရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ ရာအိမ်မှူးလည်းဖြစ်သူ ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သာယာ၀တီဂဠုန် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ သဲဖြူပိန်းရှိုလေးကျေးရွာနေ ပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူးလည်းဖြစ်၊ ရာအိမ်မှူးလည်းဖြစ်သူ ဝင်းမောင်ကို နေအိမ်တွင် ဖဲကစားနေစဉ် သာယာ၀တီဂဠုန် တပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ဖဲ၀ိုင်းအတွင်းရှိ သေဆုံးသူ၏ ဆိုင်ကယ်၊ စာရွက်စာတမ်းများ၊ မှတ်ပုံတင်၊ ကြံ့ဖွတ်ပါတီ ဝင်ကတ်၊ ဖုန်း ၁ လုံးနှင့် ငွေကျပ် ၃ သိန်း၊ ရွှေဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၁ ကွင်းတို့ကို သိမ်းဆည်းရမိကြောင်း၊ သိမ်းဆည်းရရှိသော ပစ္စည်းများကို မြို့နယ် ပအဖအဆင့်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အပ်နှံထားကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

ထို့ပြင် ဇွန်လ ၁၄ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ချောင်းဝ ၁ ရပ်ကွက်တွင် စစ်ကောင်စီလက်အောက်ခံ အရန်ပြည်သူစစ် ရဲရင့်အောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အရန်ပြည်သူ့စစ် ရဲရင့်အောင်က ဇနီးနှင့် သားတို့နှင့်အတူ ဆိုင်ကယ်စီးနင်းလာစဉ် ဂန္ဓာမာလမ်းပေါ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ဇနီးနှင့် သားတို့မှာမူ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

မြန်မာ့နိုင်ငံရေး စစ်ရေးသတင်းများကို အချိန်နှင့်တပြေးညီ တင်ပြပေးနေမှာဖြစ်လို့ ကျွန်တော့်ရဲ့ Channel လေးကို Like & Share & Follow & Subscribe လုပ်ပေးထားကြပါအုန်းနော်။
သတင်းတွေ စဉ်ဆက်မပြတ်သွားစေရန် Noti ခေါင်းလောင်းလေးကိုလည်း နှိပ်သွားခဲ့ကြပါအုန်းနော်။
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ။

I will be presenting Burmese Political and Military News in real time, So please Like & Share & Follow & Subscribe to My Channel.
Please press the Noti bell to keep the news going.
Thank you all very much.

Facebook Page

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
#ရန်ကုန်တိုင်း
#တိုက်ကြီးမြို့နယ်
#ပန်းပင်တန်းကျေးရွာအုပ်စု
#သဲဖြူပိန်းရှိုလေးကျေးရွာ
#ကြံ့ဖွတ်ပါတီစည်းရုံးရေးမှူး
#ပျူစောထီးခေါင်းဆောင်
#ရာအိမ်မှူး
#ဝင်းမောင်
#ပစ်ခတ်ခံရပြီးသေဆုံး
#သာယာ၀တီဂဠုန်တပ်ဖွဲ့

#ဧရာဝတီတိုင်း
#ဝါးခယ်မမြို့နယ်
#ရွှေလောင်းကျေးရွာအုပ်စု
#ချောင်းဝ၁ရပ်ကွက်
#စစ်ကောင်စီလက်အောက်ခံ
#အရန်ပြည်သူ့စစ်
#ရဲရင့်အောင်

#KhitThitMedia
#DVB
#RFA
#VOA
#Mizzima
#BBC
#ခေတ်သစ်
#Irrawaddy

#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်
#kodepar30
#စစ်ကောင်စီ
Комментарии
Автор

NLD ပါတီဝင်တွေကို ပြန်သတ်တဲ့အခါ
ဟောင်သံတွေ မထွက်ကြနဲ့
ရှင်းတယ်နော်

BlueSky-id