ကိုယ်လိုချင်တာတစ်ခုရဖို့ ဘဝကြီးတစ်ခုလုံးရင်းလိုက်တဲ့ ညီမလေးတွေ တွေ့ရင် အရမ်းနှမြောတယ်'

preview_player
Показать описание
အခုခေတ်မှာ ပျက်စီးကြတာလည်းမပြောနဲ့ နေ့စဉ်ဓူဝ လိုချင်တာတွေက အများကြီးဘဲလေ၊ အစ်မတို့လည်း လိုချင်တာပဲလေ Online ဖွင့်လိုက်ရင် တစ်ခုမဟုတ်တစ်ခုတော့ လိုချင်စရာတွေ ဝယ်ချင်စရာတွေချည်းဘဲ၊ ဒီတော့ လူတွေက လိုချင်တာတွေများလာလေ ပျက်စီးတာတွေက ပိုများလာလေ၊ နောက်ပြီးတော့ ငွေကလည်းရှာရခက်လေဘဲ၊ အားလုံးက ကျပ်တည်းနေတဲ့ကာလဆိုတော့ ငွေရှာရခက်လေ လူတွေက ပျက်စီးဖို့ဟာတွေက ပိုများလေလေ အလွယ်ရတဲ့ငွေကို လွယ်လွယ်ဘဲ ဒီရေစီးကြောင်းထဲမှာ လိုက်နေတဲ့အခါကျတော့ တော်တော်များများကလေ လုံးဝမစဉ်းစားတော့ဘူး။ ကိုယ်လိုချင်တာတစ်ခုရဖို့အတွက် ကိုယ်ဘာဖြစ်မလဲဆိုတာ မတွေးဘဲ ဘဝကြီးတစ်ခုလုံးရင်းလိုက်တဲ့ ညီမလေးတွေ တွေ့ရင် အရမ်းနှမြောတယ် အစ်မတို့တွေက ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး ဆက်ရင်းလိုက်တာ။