ဝေဘာဂီဆေးရုံက COVID-19 လူနာတွေထဲမှာ ၇ ယောက်က နဲနဲစိုးရိမ်ရ

preview_player
Показать описание
ဧပြီ-၁၇၊ ၂၀၂၀

ဝေဘာဂီဆေးရုံမှာတက်ရောက်နေတဲ့လူနာ ၇၁ မှာ တစ်ယောက်က ICU ထဲမှာ ရှိနေပြီး ၇ ဦးကတော့ နဲနဲစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဝေဘာဂီအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာ စံပယ်ဖြူက ပြောပါတယ်။

၇၁ ဦးအနက် ဝေဘာဂီမှာ ကုသမှုခံယူနေရင်း သေဆုံးသွားခဲ့တဲ့ COVID-19 လူနာကတော့ နှစ်ဦးရှိပါတယ်။

လက်ရှိကုသမှုခံယူနေတဲ့လူနာတွေထဲမှာ တစ်ဝက်က သွေးတိုးရောဂါအခံ ရှိသူတွေဖြစ်ပြီး သုံးပုံတစ်ပုံကတော့ ကျောက်ကပ်ရောဂါရှိ သူတွေဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်။

အသက်အရွယ်အပိုင်းအခြားကတော့ စုစုပေါင်းလူနာအားလုံးအနက် ၃၀ ကျော်က လူလတ်ပိုင်းတွေဖြစ်ပြီးတော့ ၃ ဦးက အသက် ၇၀ ကျော်၊ ၁၂ ဦးကတော့ အသက် ၆၀ ကျော်တွေဖြစ်ပြီး အသက် ၅၀ ကျော်ကတော့ အယောက် ၃၀ လောက်ရှိတယ်လို့ ဆရာမကြီးက ရှင်းပြပါတယ်။

လူနာတွေအားလုံးရဲ့ ၃ ပုံ တစ်ပုံကတော့ အဆုတ်မကောင်းတဲ့လက္ခာတွေ ခံစားနေရပြီး ကျန်တဲ့လူနာတွေအားလုံး အခြေအနေကောင်းပါတယ်လို့ ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝေဘာဂီဆေးရုံမှာ တာဝန်ယူဆောင်ရွက်နေသူတွေနဲ့ အပြန်အလှန်ဆွေးနွေးမှုမှာ ဆရာမကြီးက အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

ပြီးတော့လည်းဆေးရုံရဲ့ ICU မှာ စက်ပစ္စည်းကိရိယာက ၁၂ ဦးအတွက် လုံလောက်တဲ့အနေအထားရှိပြီး လောလောဆယ် တစ်ဦးနှစ်ဦးလောက်က အဆင်ပြေပေမယ့် ၁၂ ဦးတစ်ပြိုင်နက် ICU ထဲမှာ ကုသမှုပေးဖို့ဆိုရင်တော့ လူအင်အားမလောက်တာမျိုးရှိပါလိမ့်မယ်လို့ ဒေါက်တာ စံပယ်ဖြူက ပြောပါတယ်။

ဆေးရုံတစ်ခုလုံးအနေအနဲ့ အတည်ပြုလူနာ၊ ပိုးတွေ့လူနာ လက်ခံကုသပေးနိုင်မယ့် လူနာအရေအတွက်ကတော့ ၉၀ အထိရှိတယ်လို့ ဆိုပါတယ်။

ဒီနောက်ပိုင်းမှာ လူနာအတက်နှုန်းကလည်း များလာတော့ အဆောင်တွေအားလုံးမှာ လူနာနဲ့ ပြည့်နေပြီး ဒီကနေ့ ဧပြီ ၁၇ ရက်မှာဆိုရင် ၃ ကုတင်စာပဲ ရှိပါတော့တယ်လို့ လူနာလက်ခံနိုင်တဲ့အနေအထားကို ဆရာမကြီးက ရှင်းပြခဲ့တာပါ။

ရုပ်သံသတင်းထောက်- အောင်ကျော်ထွန်း