ကော့ကရိတ်မြို့တွင်း၊ မြို့ပြင်​တွင်တိုက်ပွဲပြင်းထန်စစ်ကောင်စီအချို့ အလံဖြူထောင် လက်နက်ချသူများရှိနေ

preview_player
Показать описание
ကော့ကရိတ်မြို့တွင်း၊ မြို့ပြင်နေရာများတွင်တိုက်ပွဲပြင်းထန်စစ်ကောင်စီအချို့ အလံဖြူထောင် လက်နက်ချသူများရှိနေ(ရုပ်/သံ)

ဒီဇင်ဘာ ၁

ယနေ့နံနက် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ၄ နာရီကျော်အချိန်မှ စတင်ပြီး ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်စခန်း ရှိရာနေရာ များဘက် နှင့် ကော့ကရိတ်မြို့တွင်း မြို့ပြင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွား‌လျက်ရှိသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီဘက်က အလံဖြူထောင် လက်နက်ချသူများရှိသလို ကော့ ကရိတ်လှိုင်ဝအာရှလမ်းမ လမ်းပိတ်ယာဉ်တန်းပိတ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း ကုန်ကား နှင့် ခရီးသည် တင်ကားများ ပိတ်မိနေကြောင်း သိရှိရသည်။

“ညကလေယာဉ် လာဗုံးကြဲတယ်။ အံဖနဲ့ ရွာတန်းရှည်၊ နန်းရွှေမှုံရွာဘက်ကို၊ အရပ်သားထိတယ်။ သေတာလည်းရှိတယ်။ အဲတာပြီးတော့မနက် ၄ နာရီ လောက်ကနေစပြီး ပစ်နေတာ အခုထိပဲ။ မြို့ထဲမှာ မီးလောင်နေတယ်။ မြို့ပြင် လှိုင်ဝဂိတ်မှာ ပစ်နေတယ်။ ကော့နွဲ ရွာဘက်က တိုက်ပွဲမှာ စစ်တပ်က လက်နက်ချသူ တစ်ချို့ရှိတယ် ကြားတယ်။ တိုက်ပွဲဆက်ဖြစ်နေတော့ ကားတွေ လမ်းပိတ်ကုန်ပြီ၊” ဟု ကော့ကရိတ် ဒေသခံက ပြောသည်။

ထို့အပြင် အာရှလမ်းဘေးရှိ စစ်ကောင်စီတပ်စခန်းတော်တော်များများကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်နိုင်ခဲ့ပြီဟု အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။

“ကော့နွဲက စစ်တပ် အုပ်စုတွေ အလံဖြူထောင်ပြီး လက်နက်ချကြပြီ။ စခန်းလည်းရပြီး၊ ကမိုင်ကုန်းစခန်းလည်းရပြီ။ ကော့ကရိတ် လမ်းဘေးက စခန်းတွေအပါအဝင် ၉ တိုင်စခန်းအထိ ဆက်ဖြစ်နေတယ်။ ”ဟု ၎င်းက ပြောသည်။

ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်ထိ လှိုင်ဝ စစ်တပ်အမြှောက်ကုန်းနေရာဘက်တွင် နှစ်ဘက်တိုက်ပွဲ အပြင်းအထန် ဆက်ဖြစ်ပွားနေပြီး မြို့တွင်းခြေလျင်တပ်ရင်း -(ခလရ ၉၇ )တပ် နေရာဘက်တွင် မြေပြင် တိုက်ပွဲ ဖြစ်နေသည့်အတွက် ဝင်ကြီးရပ်ကွက် နေထိုင်သူများ ပိတ်မိနေကြောင်း သိရှိရသည်။

Photo-CJ