ကမ္ဘာနဲ့ အလင်းနှစ် ၁၂၀ အကွာက ဂြိုဟ်တစ်စင်းမှာ သက်ရှိတွေ ရှိနိုင်တဲ့ အထောက်အထား ရှာတွေ့ဟု နာဆာကြေငြာ

preview_player
Показать описание
ကမ္ဘာကနေ အလင်းနှစ် ၁၂၀ ခန့် အကွာမှာ K2-18 ဆိုတဲ့ အနီရောင် ကြယ်ပုလေး တစ်စင်း (Red Dwarf) ရှိပါတယ်။ ဒီ ကြယ်ပုလေးကို ပတ်နေတဲ့ ဂြိုဟ်တစ်စင်း ရှိပါတယ်။ K2-18b လို့ အမည်ပေးထားတဲ့ အဲ့သည် ဂြိုဟ်တစ်ခုလုံးကို ပင်လယ် သမုဒ္ဒရာ ရေတွေနဲ့ ဖုံးလွှမ်းလို့ ထားပါတယ်။ သူ့ရဲ့ လေထုဟာလဲ အောက်ဆီဂျင်နဲ့ အဓိက ဖွဲ့စည်းထားတာ မဟုတ်ပဲ ဟိုက်ဒြိုဂျင် ဓါတ်ငွေ့တွေနဲ့ အဓိက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

James Webb Space Telescope ကြီးကနေ ဒီဂြိုဟ်ရဲ့ လေထုကို လေ့လာ ခဲ့ပါတယ်။ ဒီ လေ့လာမှု အရ ဒီဂြိုဟ်ရဲ့ လေထုထဲမှာ သက်ရှိတွေကသာ ထုတ်ပေးနိုင်တဲ့ ဒြပ်ပေါင်း တစ်မျိုးကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီအချက်သာ မှန်ကန်ခဲ့မယ် ဆိုရင် ဒါဟာ ကမ္ဘာ့ အပြင်ဖက်မှာ သက်ရှိတွေ ရှိကြောင်း ညွှန်ပြတဲ့ ပထမဆုံး အထောက်အထား ဖြစ်လာမှာ ဖြစ်ပါတယ်။
---------------------

ကျွန်တော်တို့ရဲ့ ဆောင်းပါးတွေကို အောက်ပါ website မှာလဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Комментарии
Автор

တောအကြိုက်တင်ဆက်ပေးခြင်းမဟုတ် အားပေးကြပါ

winvhj
Автор

vedioကိုကြည့်တာ မဆုံးခင် ဂြိုလ်ကအလင်းကို ဘယ်လိုတိုင်းတာလဲဆိုတဲ့ မေးခွန်းပေါ်လာပြီ ဥာဏ်မှီသလောက် စဥ်းစား ကြည့်ပြီ ဆရာ ရှင်းပြသွားတာ နဲ့ တူနေလို့ ကျေးဇူးတင်တယ်ဆရာ

GaMMerr
Автор

တော်တော်လေးစားမိပါတယ်ဆရာ🙏
အမတန်မှ တန်ဖိုးရှိတဲ့ ပညာရှင်တစ်ယောက်ပါ 🥰🙏🙏🙏

ThantZin-fngz
Автор

အရမ်းကြိုက်ပါတယ်ဆရာ❤
တစ်ခါတစ်လေ time နဲ့ပတ်သက်ပြီး sci-fi movie တွေကိုလည်း time theory တွေသုံးသလဲ ဆိုတာမျိုးပေါ့😍
အရမ်းလေးစားပါတယ် ဆရာ

moekyaw-rdyx
Автор

ဆရာကျေးဇူးပါ တက္ကသိုလ်ရောက်မှသိရတဲ့ ပညာအသိတွေဖြစ်လို့ကျေးဇူုပါဆရာ

huuut-we
Автор

ကျေးဇူးပါ ဆရာ။ စိတ်ဝင်စားတော့ ပိုပြီး နားထောင်ကောင်းပါတယ်။ ​ဗဟုသုတ​လည်းရပါတယ်။ ​ဗုဒ္ဓကလည်း တခြားဂြိုလ်မှာ လူလိုပဲသက်ရှိတွေရှိတယ် နတ်တွေရှိတယ်လို့ ဟောကြားထားပြီးသားပါ။ ကိုယ်က ​ဗုဒ္ဓကို ကိုးကွယ်သူဆိုတော့ ဒါတွေကိုယုံပြီးသားလေ။ ဒါကြောင့် တခြားဂြိုလ်တွေမှာ သက်ရှိတွေ ရှိပါတယ်။

nguwarhlaing
Автор

ကျေးဇူးပါဆရာ စောင့်ကြည့်နေပါတယ်🎉🎉🎉🎉❤❤❤❤

သီရိ-ဘ၉ဗ
Автор

ငါတို့လူတွေကထူးဆန်းတယ်နော် အားလုံးပြည့်စုံနေတဲ့ဂြိုဟ်ကျ နည်းအမျိုးမျိုးနဲ့ဖျက်စီးနေတာ ဘာမှသုံးစားမရတဲ့ဂြိုဟ်ကျတော့ တော်တော်ထူးဆန်းတဲ့သတ္တဝါတွေ ဒါပေမယ့်သင်ခန်းစာမှာ ဟာကွက်လေးတခုတွေ့မိတယ် အလင်းဖမ်းတဲ့အခါ

sanwinaung-fvli
Автор

ဗဟုသုတအသစ်အသစ်တွေထပ်ရပါတယ်ဗျ အားပေးနေပါတယ် brother ☺️

AllinOne-pmny
Автор

မြန်မာပြည်သားတို့ အာကာသအကြောင်း အသိမြင်တိုးပွားလာကြပြီး တချိန်မှာပညာရှင်ကြီးများ ပေါ်ထွက်လာမယ် ယုံကြည်ပါတယ်

kokoaung
Автор

တခြား နေအဖွဲ့အစည်းတစ်ခု ဖြစ်မှာပေါ့ လက်ရှိနေ့အဖွဲ့အစည်းမှာ သက်ရှိရှိသလို တခြားအဖွဲ့အစည်းမှာ လဲရှိမှာပေါ့

kyawmintun
Автор

U don't know what God made so better u Stay where God put u and be thankful

sawkakyi
Автор

Thanks for clear and simple explanation that hard to do.

phoenixofburma
Автор

ငါပြောပြမယ် မင်းတို့က ဘာလားတော့မသိဘူး၊ လူတွေလောက်သောက်တလွဲလုပ်ပြီး အလိမ်အညာနဲ့ ဇာတ်လမ်းတွေ ဆင်တတ်တာလူတွေပဲရှိတယ်၊ ကမ္ဘာမှာ မသေခင် အကောင်းဆုံးရှင်သန်ဖို့ဆိုရင် ပိုက်ဆံ (သို့) အာဏာ တစ်ခုခုက ရှိကိုရှိရတယ်။ လူတွေကိုလူတွေကပဲ ပြန်အုပ်ချုပ်ကြတာ၊ လူတွေကိုလူတွေကပဲ တရားစီရင်ကြတာ၊ မှန်တယ် မှားတယ် ဆုံးဖြတ်ပေးကြတာ၊ နတ်တွေ၊ ဘုရားတွေက သမ္မတလာမလုပ်သလို၊ ဘုရင်လည်းလာမလုပ်ဘူး။ တရားရုံးထဲလာပြီးတော့လည်း တရားစီရင်တာမျိုးလာမလုပ်ဘူး။ လူတွေကပဲလုပ်ကြတာ၊ အဲ့ဒီလူတွေရဲ့ စိတ်ဓာတ်အတွေးအမြင်ဟာ ဘယ်လိုလဲဆိုတာ မင်းတို့ငါတို့လူတွေသာမှန်ရင် ကောင်းကောင်းသိတယ်။ လူတစ်ယောက်က သူမသေခင် ဘဝတစ်လျှောက်လုံး သက်သက်သာသာနဲ့ ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာမဆိုလုပ်မှာပဲ။ သူ့မိသားစုနဲ့ သူချစ်တဲ့သူတွေ စိတ်ချမ်းသာနေတယ်၊ သူလည်းစိတ်ချမ်းသာနေတယ်ဆိုရင် အားလုံးပြည့်စုံပြီ။ အဲ့တော့ ပြောချင်တာက အစိုးရအဖွဲ့အစည်းဖြစ်ဖြစ်၊ ရှိသမျှအကုန် လက်ခံပြီး သူတို့ပြောသမျှယုံနေလို့မရဘူး။ သူတို့လည်း မင်းတို့လိုလူသားတွေနဲ့ ဖွဲ့စည်းထားကြတာ။ ကမ္ဘာကိုပဲ​ဖြစ်ဖြစ် လွှမ်းမိုးနိုင်ဖို့အတွက် သူတို့က လူတွေကို လက်ခံနိုင်စရာ အထောက်အထားမျိုးစုံနဲ့ အကြောင်းပြချက်တွေ အများကြီးပေးမှာပဲ၊ အဲ့ဒါမှလည်း လူတွေက သူတို့ကိုယုံကြည်ပြီး ထောက်ခံကြမှာလေ။ အဲ့တော့ အစောကပြောခဲ့သလိုပဲ အဲ့ဒီအဖွဲ့အစည်းမှာပါဝင်နေတဲ့ လူတွေပဲဖြစ်ဖြစ်၊ ခေါင်းဆောင်ကပဲဖြစ်ဖြစ် သူ့ဘဝကိုသာယာဖို့အတွက် အလိမ်အညာတွေလည်း ပြောချင်ပြောမှာပဲ။ အစကနေအဆုံးအထိ အကြီးအကျယ်ဆုံး လိမ်လည်မှုတွေ လုပ်နိုင်တာပဲ၊ ဒါမျိုးဖြစ်စဥ်တွေ သမိုင်းမှာ လူမိသွားတာမှ အများကြီး၊ သိချင်ရင်လေ့လာကြည့်။ NASA ဆိုတာလုံးဝအလိမ်အညာကြီးလို့ ငါမပြောဘူး။ ဒါပေမဲ့ သူတို့ပြောသမျှအကုန် ထိုင်ပြီးယုံနေလို့မရဘူး။ အဲ့ NASA က လူတွေက နတ်ဘုရားတွေမဟုတ်ဘူး၊ မင်းတို့ငါတို့လို အသွေးအသားနဲ့ သောက်ကျင့်မကောင်းတတ်တဲ့ လူသားတွေပဲ။ ဘယ်လိုပစ္စည်း ဘယ်လို စီမံကိန်းတွေပြောပြောပြီး ရှာဖွေတွေ့ရှိတယ်ပဲပြောပြော ဂျင်းတဲ့ကောင်တွေဂျင်းရင် ငါတို့ဦးနှောက်နဲ့တောင် လိုက်မှီတာမဟုတ်ဘူး၊ အဲ့လိုသတင်းမှန်တွေ၊ သတင်းမှားတွေကြောင့် လူ့အဖွဲ့အစည်းတစ်ခု ဘယ်လောက်ထိ ထိခိုက်ပျက်စီးနိုင်တယ်ဆိုတာ မြန်မာနိုင်ငံကလူတွေ ကောင်းကောင်းသိတယ်။ သူ့ဘာသာနေနေတဲ့ ကမ္ဘာကြီးကို နယ်နိမိတ်မျဥ်းတွေ ဆွဲပြီး သူ့နိုင်ငံ၊ ငါ့နိုင်ငံ၊ သူပိုင်တယ်၊ ငါပိုင်တယ် ဆိုပြီး သတ်မှတ်ခဲ့ကတည်းက လူ့အဖွဲ့အစည်းက သောက်တလွဲဖြစ်ခဲ့တာ၊ တကယ့်တကယ် mother earth က natural disasters အနေနဲ့ နည်းနည်းလေးပြလိုက်ရင် အစောက လူ့အဖွဲ့အစည်းကကောင်တွေ သောက်ပေါတွေဖြစ်ကုန်ရော၊ မင်းတို့ပိုင်ရင် မင်းတို့နိုင်ငံကို 😂 earth ကို ဘယ်သူမှ မပိုင်ဘူးကွ၊ အသက်ရှင်နိုင်အောင် အများကြီး provide ပေးထားတဲ့ မင်းတို့က လောဘကြီးလွန်းရာကျနေပြီ၊ space ထဲထွက်ပြီး အခြားဂြိုဟ်တွေပါ ပိုင်ဆိုင်ချင်နေကြရင်လည်း ဖျင်သာခံလိုက်ကြတော့ 😂. အဖွဲ့တွေမျိုးစုံဖွဲ့၊ ဘာမှမသိတဲ့ လူ့အဖွဲ့အစည်းတွေကို theory မျိုးစုံပြပြီး ဂျင်းကောင်းကောင်းထည့်၊ ပြီးရင်အကျိုးအမြတ်တွေနဲ့ ဘဝရှင်မင်းတရာကြီးတွေလုပ်ကြ😂. ငါက science ကို လက်မခံလို့ blame နေတာမဟုတ်ဘူးနော်၊ ငါကိုယ်တိုင်က engineering ကျောင်းသားတစ်ယောက်၊ Science ကို အသုံးချပြီး လူတွေရဲ့သောက်ကျင့်ဆိုးတွေနဲ့ လူ့အဖွဲ့အစည်းကို ဂျင်းတတ်တယ်ဆိုတာ သတိပေးတဲ့သဘောပဲ😂. Space ထဲထွက်ပြီး မင်းတို့အရမ်း high-tech ဖြစ်နေပြီဆို ကမ္ဘာက climate changes တွေကိုပဲ အရင်ဆုံးထိန်းသိမ်းကြည့်၊ extinct ဖြစ်တော့မဲ့ species တွေကို ကာကွယ်ကြည့်၊ အဲ့နေရာတွေမှာ fund ကို အများကြီးပိုသုံးကြည့်ပေါ့၊ မင်းတို့ဟာက "အမေကျော်ဒွေးတော်လွမ်း" ဆိုတဲ့ ဆိုရိုးစကားတိုင်း ဖြစ်နေပြီဟ
ပုံ
(မောင်လူသား)

yold
Автор

ဗဟုသုတတွေရပါတယ်ဆရာ ကျေးဇူးတင်ပါတယ် နောက်videoတွေလဲ စောင့်မျှော်နေပါတယ်ဆရာ

xxuopxx
Автор

download လုပ်ပြီအမြဲပြန်းလေ့လား စိတ်ဝင်းစားတယ် 👍

MyeikThar-wnlg
Автор

❤️💪👈👈အစ်စလာမ် ဘာသာဝင်တွေအတွက် အံ့သြစရာတော့မဟုတ်ဘူး ပြင်ပ ကမ္ဘာ တွေမှာ သက်ရှိတွေရှိတယ်လို့ အလာဟ်အရှင်မြတ် ကုရ်အာန်ကျမ်းထဲမှာ အမိန့်ရှိထားပြီးသာပါ အစ်လာမ်ဖြစ်ရတာ အရမ်းကို ဂုဏ်ယူမိတယ်

User-SH
Автор

Thanks for sharing the knowledge. It expands the horizon of my knowledge.

Cameronlinz
Автор

ဆရာ အဲ့ဆို အဲ့120 ltyrsကွာတဲ့ planet က ကျနော်တို့ milkyway galaxy ထဲမှာဘဲဆိုလိုတာလားဆရာ

MinKhant-cbqu