စစ်မှုထမ်းဥပဒေကိုကန့်ကွက်ပြီး စစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ဆန့်ကျင်တိုက်ဖျက်ဖို့ KNU တိုက်တွန်း

preview_player
Показать описание
မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ဆန်းသစ်တဲ့ကိုယ်စွမ်းဉာဏ်စွမ်းတွေကို အသုံးချပြီး တရာမဝင် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကတိုက်တွန်းထားသလို KNU အနေဖြင့်လည်းသက်ဆိုင်ရာကဏ္ဍတွေကနေ တက်စွမ်းသမျှ ပံ့ပိုးကူညီ ဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တိုင်းပြည်ကို စစ်နွံအတွင်း ကျရောက်စေ မှာဖြစ်လို့ ကန့်ကွက်တယ်လို့လည်း KNU က ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ ဒီဥပဒေအကောင်အထည်ဖော်ရေးလုပ်ငန်းမှာ မပါဝင်ဘဲ အန်တုဆန့်ကျင်ဖို့၊ တော်လှန်ရေး အဖွဲ့အစည်းတွေမှာ ပူးပေါင်းပါဝင်ဖို့ နဲ့ အချင်းချင်းကာကွယ်ပေးပြီး နည်းမျိုးစုံနဲ့ ဆန့်တိုက်ဖျက်ရေး လုပ်ငန်းတွေလုပ်ဖို့ တိုက်တွန်းထားပြီး ဒီလုပ်ငန်းတွေမှာ KNU က ပံ့ပိုးကူညီသွားမယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တနိုင်ငံလုံးကို စစ်နွံထဲ ကျရောက်အောင် လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်သလို စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ဆန့်ကျင်ကန့်ကွက်တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ ပြည်ပကျူးကျော်ရန်ကို ကာကွယ်ဖို့နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးတာနဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေမှာ အကူအညီပေးဖို့ ရည်ရွယ်ထားတဲ့ ဥပဒေဖြစ်တယ်လို့ KNU က ထောက်ပြထားပါတယ်။

အဲဒီအစား စစ်ကောင်စီဟာ ဥပဒေပြဋ္ဌာန်းပြီး လူငယ်မျိုးဆက်နဲ့ လုပ်သားအရင်းအမြစ်မျိုးဆက်တစ်ခုလုံးကို အတင်းအကျပ်စစ်သားစုဆောင်းကာ စစ်နွံအတွင်း ဆွဲသွင်းတာဖြစ်သလို စစ်အာဏာကို သက်ဆိုးရှည်ဖို့ ကျင့်သုံးတာဖြစ်တယ်လို့ ဝေဖန်ပြောကြားထားပါတယ်။

ဂုဏ်သိက္ခာရှိရှိနဲ့ ဆန္ဒအလျောက်ပါဝင်သင့်တဲ့ ပြည်သူစစ်မှုထမ်းဥပဒေလို ဥပဒေတွေကို အသက်ဝင်ကြောင်း အတည်ပြုသတ်မှတ် ထုတ်ပြန်ဖို့ စစ်ကောင်စီဟာ တရားဝင်မှုမရှိဘူးလို့လည်း KNU က ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအကောင်အထည်ဖော်ရာမှာ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အကျိုးဆက်တွေကို တာဝန်ယူရမယ်လို့လည်း KNU က ပြောပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နအဖ အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေတွေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၃ ရက်တွေမှာ အာဏာတည်တဲ့နေ့အဖြစ် စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း စစ်ကောင်စီက အသက်ဝင်ပြီလို့ပြောတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို လိုက်နာဖို့ မလိုဘူးဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ ပြည်နယ်နဲ့တိုင်းအဆင့်အဖွဲ့တွေကို မြန်မြန်ဆန်ဆန်ဖွဲ့စည်းလာပြီး အဲဒီဥပဒေ အကောင်အထည်ဖော်တာကို မြန်မာနှစ်သစ်ကူးကာလ ဧပြီလအတွင်း စတင်ဖို့လုပ်မယ်လို့ အသိပေးပြောကြားထားပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်အရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အသက်အရွယ်အရ အကျုံးဝင်သူ ၁၃ သန်းကျော် ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားမှသာ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက် ၊ ဖိနှိပ်အုပ်ချုပ်၊သွေးခွဲ၊ သတ်ဖြတ်နေမှုများနဲ့ နိုင်ငံအား စစ်တလင်းပြင်အဖြစ် ဖန်တီးနေမှုများ ချုပ်ငြိမ်းစေမှာဖြစ်ကြောင်းလည်း KNUက ထုတ်ပြန်ထားပါတယ်။

#politicalnews
#mizzima

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.

Subscribe our channel:

Follow us:
Facebook | Myanmar Language
Facebook | English language
Facebook | Mizzima+TV
Twitter
Telegram
Sportify

Get Mizzima TV App Free

Website :
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
Комментарии
Автор

You must knowing Now State are Really Cry To Alway Here in Now

ttkottko