KIA နဲ့ ပူး​ပေါင်းတပ်​တွေရဲ့ မံစီမြို့နယ်သိမ်းတိုက်ပွဲ | People's Spring

preview_player
Показать описание
KIA နဲ့ ပူး​ပေါင်းတပ်​တွေရဲ့ မံစီမြို့နယ်သိမ်းတိုက်ပွဲ

-ဟန်​နွေ/ People's Spring

ကချင်ပြည်နယ်၊ မံစီမြို့နယ်က လက်ကျန်စစ်ကောင်စီတပ်ရင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ မဟာမိတ်​တပ်တွေက အပြီးသတ် သိမ်းပိုက်ပြီး မံစီမြို့နယ်တစ်ခုလုံး အပြီးသတ်ထိန်းချုပ်နိုင်ခဲ့တဲ့အကြောင်း ဒီတပတ်မှာ ပြောပြပါမယ်။

KIAအနေနဲ့ စစ်ကောင်စီ တပ်စခန်းတွေ၊ တပ်ရင်း​တွေ ၊တပ်ရင်းဌာနချုပ်​တွေ ၊မြို့တွေကို ၂၀၂၄ ခုနှစ်ကပြီး ဆက်တိုက် သိမ်းပိုက်လာခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံး​အောင်ပွဲက မံစီမြို့နယ်က လက်ကျန် စစ်ကောင်စီတပ်ရင်း ဌာနချုပ် ၃ ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ကချင်ပြည်နယ်ရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေး စတင်ခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၄ရက်​နေ့မှာပဲ မံစီမြို့နယ်က လက်ကျန် တပ်စခန်းတွေဖြစ်တဲ့ အမှတ် ၃၁၉ ​ခြေလျင်တပ်တရင်း ( ခမရ-၃၁၉)၊ အမှတ် ၆၀၁ ​ခြေလျင်တပ်တရင်း (ခမရ-၆၀၁)နဲ့ အမြောက်တပ်(၃၅၂) တပ်ရင်းတွေကို KIA နဲ့ မဟာမိတ်တပ်တွေက တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီလို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး ပစ်ကူများစွာ အသုံးပြု ခုခံခဲ့ပေမယ့် စစ်ဆင်ရေး တစ်လကျော်အကြာမှာ မံစီက လက်ကျန်တပ်ရင်းသုံး ရင်းစလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ဒါကြောင့် မံစီမြို့နယ်တစ်ခုလုံးကို KIAက သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပါတယ်။

KIAဟာ မံစီကို ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလမှာတကြိမ် ၊ ​မေလမှာတကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ် ။အဲဒီတုန်းက ရဲစခန်းနဲ့ မံစီမြို့​ပေါ်က စစ်တပ် တပ်စွဲရာ​နေရာ​တွေ အကုန်လုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးမြို့ကို ထိန်းချုပ်နိုင်ခဲ့တာပါ။ ဒါ​ပေမယ့် စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကိုအဲဒီတုန်းက ထိုးစစ်ဆင်ခဲ့ပေမယ့် မသိမ်းပိုက်နိုင်ခဲ့ပါဘူး ။ ဒါ​ကြောင့် တ​ကြော့ပြန် ထိုးစစ်ကို ဒီဇင်ဘာ ၄ ရက်မှာ ဗန်း​မော်မြို့သိမ်းတိုက်ပွဲနဲ့အတူ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။

တကျော့ပြန်ထိုးစစ်ကို KIA တပ်မဟာ(၁၁)ရဲ့ ဦးဆောင်မှုနဲ့အတူ ကချင်ပြည်နယ်မှာအ​ခြေစိုက်တဲ့ PDF​တွေ( KPDF) ၊ ABSDF(ကျောင်းသားတပ်မတော်)တို့ အတူ ပူးပေါင်း စစ်ဆင်ခဲ့တာဖြစ်ကြောင်း ABSDFက အသိပေးထားပါတယ်။ တပ်မဟာ(၁၁)ဟာ ၂၀၂၄ ခုနှစ် မေလကုန်မှာ KIAက အသစ်ထပ်မံ ဖွဲ့စည်းလိုက်တဲ့ တပ်မဟာဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ မံစီကို​ရော ၊ဗန်း​မော်ကို​ရော စစ်တပ်အ​နေနဲ့ ဗန်း​မော်-မြစ်ကြီးနားလမ်းအပါအဝင် ကုန်း​ကြောင်း ၊​ရေ​ကြောင်းက​နေ စစ်ကူပို့မရ​အောင် လမ်း​ကြောင်း​တွေ ဖြတ်​တောက်ပြီးမှ ၊ကျန်​ဒေသ​တွေကို သိမ်းပိုက်ပြီးမှ ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။ ဒါ​ကြောင့် စစ်တပ်ဟာ စစ်ကူကို ​လေ​ကြောင်းကသာ ပို့နိုင်ခဲ့သလို ပစ်ကူကိုလည်း ​လေ​ကြောင်းပစ်ကူကိုသာ အဓိက အားကိုးခဲ့ရပါတယ် ။

KIA နဲ့ ပူး​ပေါင်းတပ်​တွေရဲ့ တစ်လ​ကျော် ထိုးစစ်​ကြောင့် စစ်တပ်ဟာ အထိနာခဲ့​ပေမယ့် တိုက်ပွဲ သတင်း​တွေကို KIA က မထုတ်ပြန်ခဲ့ပါဘူး။သတင်းဌာန​တွေဟာ ​ဒေသတွင်းကသတင်းရင်းမြစ်​တွေကသာ တိုက်ပွဲ အ​ခြေအ​နေ ကိုစုံစမ်းခဲ့ကြရပါတယ် ။

ဒီဇင်ဘာလ၂၁ရက်နေ့က မံစီတိုက်ပွဲမှာဆိုရင် မံစီမြို့နယ်က တပ်ရင်းသုံးခုကိုဦး​ဆောင်ပြီး ခုခံနေတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း ပါ သေဆုံးခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့နဲ့ ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းကို သိသူ​တွေက People's Spring ကို ပြောပါတယ် ။

ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းဟာ ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့ဇာတိဖြစ်ပါတယ် ။ ဥသျှစ်ပင်မြို့က သူ့ရဲ့ ကျန်ရစ်တဲွမိသားစုဟာလည်း ဗိုလ်မှူးကြီး​အောင်ငြိမ်းချမ်းအတွက် နာ​ရေးပြုလုပ်ခဲ့ပါတယ်။

ဗျူဟာမှူး​သေသွား​ပေမယ့် တပ်ရင်းမှူး​တွေက ဆက်လက်ခုခံတဲ့အတွက် KIA နဲ့ ပူး​ပေါင်းတပ်​တွေက တပ်ရင်း​တွေအပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်ခဲ့ကြပါတယ် ။

KIAနဲ့ ပူးပေါင်းတပ်တွေဟာ နှစ်သစ်ရဲ့ ပထမပတ်အတွင်းမှာ မံစီနဲ့ ဗန်းမော်ကို ထိုးစစ်အရှိန်ထပ်မံမြှင့်တင်လိုက်ပါတယ် ။ဇန်နဝါရီ ၆ရက်မှာ ထိုးစစ်အရှိန်မြှင့်တင်ပြီး သုံးရက်လောက်အကြာ ဇန်နဝါရီ ၈ရက်မနက် ၁၁နာရီမှာ မံစီက စစ်ကောင်စီတပ်ရင်းဌာနချုပ် ၃ ရင်းစလုံးကို အပြီးသတ် သိမ်းရပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လူထု​နွေဦးကို အတည်ပြုခဲ့ပါတယ်။

“ဗန်းမော်မြို့ဘက်ခြမ်းကတော့ ကျနော်တို့ KIA တပ်ပေါင်းစုတွေလည်း ပင်ပစခန်း(စစ်ကောင်စီတပ်ရင်းဌာနချုပ် နေရာများ) တွေ အနီးကပ် စောင့်ကြည့်နေတဲ့ အနေအထားတော့ရှိပါတယ်။ မြို့၊ ရပ်ကွက် အချို့တွေမှာလည်း ကျနော်တို့တွေ ဝင်နိုင်တဲ့ အဆင့်တော့ရှိပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက မံစီကို အပြီးသတ် သိမ်းပိုက်ပြီး ဗန်းမော်ရဲ့ စစ်ရေးအခြေအနေကို အသိပေးပြောပြခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ KIA ရဲ့ မံစီနဲ့ ဗန်းမော် မြို့သိမ်း ထိုးစစ်ကို မြေပြင်စစ်ကူ မပေးနိုင်တဲ့ အခြေအနေမှာ လေကြောင်း လက်နက်ကြီး၊ ဒရုန်း၊ သံချပ်ကာ စတဲ့ ရှိသမျှ စစ်အင်အားကို အများအပြားအသုံးပြု ခုခံနေခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဗန်းမော်ကို ထပ်မံ လက်မလွှတ်ရရေး အပြင်းအန်ခုခံနေ​ပေမယ့် KIAက စစ်ကောင်စီကို ချေမှုန်းဖို့ ဆက်လက်ထိုးစစ်ဆင် လို့ ဒီဇန်နဝါရီလအတွင်းမှာပဲ ဗန်းမော်မြို့သိမ်းတိုက်ပွဲရလဒ် ထွက်ပေါ်လာမယ်လို့လည်း ကချင် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကသုံးသပ်ပါတယ်။

“ ဗန်းမော်နဲ့ မံစီကို KIAဘက်က အပြီးသတ် သိမ်းပိုက်သွားနိုင်ခဲ့ရင်တော့ အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီ အတွက်တော့ မြစ်ကြီးနားအထက်ပိုင်း စစ်ကူ ပို့မယ်ဆိုရင်လေကြောင်း တလမ်းပဲ ကျန်တော့မှာ ဖြစ်ပါတယ်” ဟုလည်း ဦးဇော်ဆန်က စစ်ကောင်စီရဲ့ မြစ်ကြီးနား အခြေစိုက် မပခစစ်တိုင်း(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)ကိုပါ KIAက စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်မှုကို ပြောပြပါတယ်။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
Комментарии
Автор

မင်္ဂလာပါ ဂျာမုန်းလေး အထူးကျေးဇူးပါ သတင်းများများကြေငြာနိုင်ပါစေ ချမ်းမြေ့ပါစေ

နွေဦးသစ္စာ
Автор

ရောင်နီတွေလာနေပါပြီ fighting❤❤❤❤❤❤❤❤❤🎉🎉🎉🎉🎉🎉

MinGaung-wi
Автор

နှစ်သစ်မှာ သတင်းကောင်းတွေပါ
မအလ အမြန်ဆုံး ပြုတ်ကျရမည်

htetphyowai
Автор

Hi, hello Beauty Sanmon lay yea, thank you so much for a nouncing news up date .Today you are So beautiful and gorgeous God bless you God love ❤ you ❤ you ❤ you too Spring REVOLUTION must be win in coming soon.

vanrothat
Автор

မဂ်လာသီတင်ကောင်ပါခများ အောင်မြင်ဘေကင်းပါစေ ❤❤❤

NaingwinMobile-flud
Автор

Thank you thank you news update sister, ..❤❤

KoiShiu-snzx
Автор

KIA မြို့တွေသိမ်းတာအားရပါတယ် ဒါပေမေ့ video ရိပ်ထားပြီးထုပ်ပြန်တာမတွေ့ဘူး AA လိုလုပ်စမ်းပါဗျာ AA ဆော်တာကြည့်ရတာ မျက်လုံးထဲ့ကမထွက်ဘူး

aungminkhant