စစ်ပဋိပက္ခကြားက သီတင်းကျွတ်လပြည့်ည (ရုပ်/သံ)

preview_player
Показать описание
မိုးတိမ်၊ အောက်တိုဘာ ၁၈၊ ၂၀၂၇

ဒါကတော့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်နီပြည်ထဲက သီတင်းကျွတ်လပြည့်နေ့ည မြင်ကွင်းပါ။

တပြည်နယ်လုံးနီးပါး တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ ကရင်နီပြည်ကို စစ်တပ်ဟာ တာဝေးပစ်လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ကျေးရွာတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စစ်ရှောင်စခန်းတွေ ပျက်စီးပြီး လူသေဆုံးမှု အများအပြားရှိခဲ့ပါတယ်။

ဒီလိုစစ်ရေးအရ ခြိမ်းခြောက်မှုတွေ အပြင် သဘာဝဘေးဒဏ်နဲ့ စားဝတ်နေရေး အကြပ်အတည်းတွေရင်ဆိုင်နေရတဲ့ ကရင်နီပြည်သူတွေဟာ သီတင်းကျွတ်လပြည့်ညကို ပျော်ပျော်ပါးပါး စုဝေးဖြတ်သန်းခဲ့ကြတာဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ကရင်နီ #စစ်ရှောင် #သီတင်းကျွတ် #လပြည့်နေ့
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Комментарии
Автор

မဂ်လာနေ့လည်ခင်းလေးပါ ဧရာဝတီရေ မျှဝေတာ ကျေးဇူးပါနော် 👋👋👋💔🌺မြန််မာပြည်ဖွား များ အားလုံး ရောက်ရာအရပ်မှာ နေကောင်း ကျန်မာ စိတ်ချမ်းသာ

AyeThin-cv