Khit Thit သတင်းဌာန၏ ဩဂုတ် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

preview_player
Показать описание
Khit Thit သတင်းဌာန၏ ဩဂုတ် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရန်ကုန်တိုင်းအတွင်း PDF တွေ စိမ့်ဝင်လာနိုင်တယ်ဆိုပြီး အကြမ်းဖက်စစ်ကောင်စီက မြို့နယ်၊ ရပ်ကွက်၊ ဟိုတယ် နဲ့ တည်းခိုခန်းတွေအပြင် အဆောင်တွေမှာပါ ဧည့်စာရင်းတွေကို ပိုမိုတင်းကျပ်စွာ စစ်ဆေးနေပြီး စစ်ဘေးရှောင်ပြည်သူတွေရှိရင်လည်း သူတို့ကို သတင်းပေးဖို့ စစ်ကောင်စီက ညွန်ကြားထားတယ်လို့ ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- ရခိုင်ပြည် ဂွမြို့အနီးမှာ အာရက္ခတပ်တော်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ တာကြောင့် မြေဧက ၃၁၀ ကျော် ကျယ်ဝန်းတဲ့ ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းဟာ တစ်ပိုင်းတစ်စနဲ့ ရပ်တန့်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

- မုံရွာအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြမှုနဲ့ ကြွေးကြော်သံတိုင်ကာ ဆန္ဒပြခဲ့ကြတယ်လို့ဆိုပြီး နိုင်ငံရေး အကျဉ်းသား ၁၇ ဦးကို တရားစွဲဆိုထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Комментарии
Автор

မင်္ဂလာပါ ခေတ်သစ်ရန်ကုန် 💯💯💯💯👌👌👌👌👌👍👍👍👍👍👍💪💪💪💪💪

OoNay-wg
Автор

မင်းတို့ဘောမ တသိုက်ကလွဲရင်
တနိုင်ငံလုံး pdf ဘဲ
ဘာဧည့်စာရင်းစစ်မှာတုန်း
အာဏာရူး ဖက်ဆစ် $ပိန်းတွေ😎

BaBa-jjh
Автор

ယခုအချိန်မှာ အကြမ်းဖက်စစ်တပ် ကစဉ်ကလျားဖြစ်ဖို့ အချိန်တန်ပါပြီ။ အောက်ခြေတွေမှာလည်း အရှုံးကြီးရှုံးပြီး အထိနာနေပါပြီ။ Time is of essence. အချိန်ကတန်ဖိုးရှိတဲ့ အနေထားတစ်ရပ်မှာ လုံး၀အချိန်ပေးလို့ မရတဲ့အနေထားတစ်ရပ်သို့ ရောက်နေပါတယ်။ မြေပြင်မှာ အားလုံးကြုံတွေ့နေရတာထက်စာရင် Yes or No ပဲဖြစ်ဖို့ပဲလိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUGထုတ်ပြန်ချက်မှာ All ways to Nay Pyi Taw. D Days တို့ဆိုတာ ဘယ်အချိန်လဲ မေးရမယ့်အခြေနေမျိုး ဖြစ်နေတယ်။ အကောင်းဆုံး Strategy က နေပြည်တော်ကို ကိုင်လှုပ်နိုင်မယ့်နေပါပဲ။

ThayaPhiAung-hh
Автор

စောက်ရှက်လည်းမရှိကြဘူးကွာ တနိုင်ငံလုံးနဲ့ ပတ်ရန် ဖြစ်နေတဲ့ စကစ

myatmyatmoe
Автор

စိမ်ဝင်တော့ဘာဖြစ်လဲ သူတို့တိုင်မှ ပီုဒုက္ခရောက်မယ် မတီုင်ပါဘူး အောင်စေ

UChit-fqqg
Автор

အ က စ ( ထောင်)
တွေ ခုရက်ထဲ အတော် ဇောင်းကြွနေတာ
ဘောက်ချာ နံပါတ် ၁ ထဲ မှာ
ခွင့်လွှတ်စရာ လုံးဝမရှိ

OoPhone-kb
Автор


တော်လှန်နေပါတယ်ဆိုမှ
PDFတွေလာရင်သတင်းပေးဆိုတော့
တော်ရုံတန်ရုံဆောက်ရှက်နဲ့တော့ ဒီစကားကိုပြောထွက်မှာမဟုတ်ဘူး
ခွေးတိရစ္ဆာန်တွေအခုချိန်ထိ
ဆောက်ရှက်ကိုမရှိတာ

chesealvely
Автор

မဂ်လာမနက်ခင်းပါ ကျေးဇူးတင်ပါ၏
ခေတ်သစ်

dpmtdpmt
Автор

ဘယ်နိုင်ငံမှ မရှိတဲ့ ဧည့်စာရင်းစစ်တယ်တဲ့.

johnkalay
Автор

စစ်ရှုံးသမား မင်းအောင်လှိုင်လို့ ခေါ်ခံရတာ နဲသေးတယ် ကြိုက်သလောက်စစ် မင်းအောင်လှိုင် မယားပါသားလေးတွေက သူ့ပထွေး မင်းအောင်လှိုင်ထက်သာတယ် ဒေါက်တာ တေဇာဆန်း မန္တလေးကို ဘယ်လိုရောက်လာလဲ ကြည့်လေ ဒီလောက်တောင် လာဒ်စားနေကြတာ စစ်ခွေးတွေ

OhnmarAung-ft
Автор

နှစ်ပေါင်း 60 တပ်မတော်ကြီးကလဲ တရားတဲ့သူနိုင်ကျေး

WonuMhway
Автор

Pdfs တို့ပေါ်ထွန်းတည်ရှိသော ကြီး အမြန်ဆုံး သာယာအောင်မြင်ပါစေ🎉🎉🎉🙏🙏🙏❤❤❤

dawnmyatmyint
Автор

🎉 မုံရွာနိုင်ကျဥ်းတွေကို အကူအညီတွေပေးကြပါ 💪🎉

TayzarAung-pz
Автор

မင်္ဂလာပါ
ကျေးဇူးပါ
အရေးတော်ပုံ အောင်ကိုအောင်ရမည်

equineports
Автор

ခုဧည့်စာရင်းစစ်နေကြတာ အဓိကသတင်းပေးသူဟာ မအလဒေါက်တိုင်များဖြစ်နေကြပြီ ။

AungKyaw-jk