Type မတူတဲ့ချစ်သူတွေ သိထားရမယ့် အချက် ၅ချက် | Relationship Myanmar

preview_player
Показать описание
ဒီနေ့ကတော့ Typeမတူတဲ့ရည်းစားတွေသိထားသင့်တဲ့အချက်(၅)ချက်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးအချက်ကတော့ It's okay to be different မတူညီဘဲပေါင်းစည်မှုတာက ကြီးမားတဲ့အားတစ်ခုပါ။ တော်တော်များများက မတူတာကြီးကိုသိပ်ကြောက်ကြတယ်။အဲ့ဒါကြောင့်မတူတူအောင်လိုက်လုပ်ကြတယ်။
သူကြိုက်တာတွေကို ကိုယ်ကအတင်းလိုက်ကြိုက်တယ်ဆိုရင် ဒီRelationshipက Fakeဖြစ်နေပါပြီ။မတူညီတဲ့နှစ်ယောက်တွေ့ဆုံပြီဆိုရင် သင်ယူစရာတွေအများကြီးရှိပါတယ်။ ဒါကြောင့်မတူညီတဲ့လူနှစ်ယောက်ကြားမှာ နားလည်မှုက အရေးကြီးပြီးတော့ မတူညီတဲ့အရာတွေကိုအပြန်အလှန်သင်ယူပြီး ကောင်းမွန်တာတွေဖန်တီးလို့ရပါတယ်။

ဒုတိယအချက်ကတော့ ကိုယ့်ချစ်သူရဲ့ကလေးဘဝအကြောင်းကို သိရဖို့အတွက် လိုက်ကြည့်ပေးနေရပါမယ်။လူတွေရဲ့အတွင်းထဲကအရာတွေက အတိတ်ကိုခြေရာခံပြီးပုံရိပ်တွေပေါ်နေတတ်တယ်။ ကိုယ့်ရည်းစားနဲ့ကိုယ်ရဲ့ကြီးပြင်းပုံချင်းက မတူကြတဲ့အတွက် အဲ့အရာတွေကို လိုက်ကြည့်ပေးပြီးနားလည်ပေးဖို့လိုအပ်ပါတယ်။

တတိယအချက်ကတော့ Typeမတူတဲ့အတွက် ကိုယ်အတန်တန်မှာထားတဲ့အရာကို ခဏခဏလုပ်နေတဲ့အတွက် ကိုယ်ကအမြဲဒေါသထွက်နေရပါတယ်။ကိုယ့်ရဲ့ကြင်ယာဖက်နဲ့တွေ့တဲ့အချိန်မှာ ဒေါသမထွက်ဖို့အရေးကြီးပါတယ်။
ဒေါသထွက်တာက ကိုယ်မကြိုက်တဲ့အရာကို တစ်ဖက်ကလုပ်ပြတဲ့အတွက် ကိုယ့်ကဒေါသနဲ့ကာလိုက်သလိုမျိုးဖြစ်သွားပါတယ်။Coupleတွေကြားထဲမှာ ဒေါသထွက်ဖို့ က မလုပ်သင့်တဲ့အရာပဲဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုကာကွယ်ရင်းနဲ့
ကိုယ်ချစ်တဲ့လူတွေကို အဝေးကိုပို့လိုက်သလိုဖြစ်သွားပါလိမ့်မယ်။ဒေါသထွက်မယ်ဆိုရင် ရေရှည်မထွက်နဲ့ အကြာကြီးမထွက်ဖို့ လိုအပ်ပါတယ်။

စတုတ္ထအချက်ကတော့ အတွဲညီတဲ့Coupleတွေမှာ တစ်ယောက်ထပ်အမြဲသာတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ Typeမတူတဲ့အတွဲတွေမှာ အတူတူဖြစ်နေဖို့က အရေးကြီးပါတယ်။တစ်ချို့တွေက Typeမတူလို့ဆိုပြီး သီးသန့်နေရင်းနဲ့
တစ်ဦးတည်းသက်သက်ဖြစ်လာတတ်ပါတယ်။သူနဲ့ကိုယ်နဲ့က Typeမတူတဲ့အချိန်မှာ ကိုယ်နဲ့သူနဲ့ကြားမှာ ဘုံတူတဲ့ Goalလေးတွေလိုက်ချပြီးတော့ အတူတူလိုက်လုပ်ဖို့လည်းလိုအပ်ပါတယ်။Typeမတူတဲ့အချိန်မှာ ကိုယ်ကစိတ်ဓာတ်ကျနေတဲ့အချိန်သူကActiveဖြစ်နေတဲ့အချိန်ဆိုရင် ကိုယ့်ကိုအားပေးမယ့်သူတစ်ယောက်အနားမှာရှိနေမှာပါ။သူလည်းစိတ်ဓာတ်ကျ ကိုယ်လည်းစိတ်ဓာတ်ကျဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။

နောက်ဆုံးအချက်ကတောာ့ စပြီးတောင်းပန်သူက ကိုယ်ဖြစ်ပါစေ။Relationshipတစ်ခုမှာ အမှားအမှန်ကအရမ်းကြီးအရေးမပါပါဘူး။ကိုယ်ကရေရှည်ကိုတကယ်တွေးထားတယ်၊စဉ်းစားထားတယ်ဆိုရင်ကိုယ်မှန်နေလည်းတောင်းပန်တာကအကောင်းဆုံးပဲဖြစ်ပါတယ်၊ကိုယ်ကစပြီးတောင်းပန်တာက သူကလည်းကိုယ့်ကို ပြန်ပြီးတောင်းပန်တတ်လာအောင် သင်ပေးသလိုဖြစ်စေတဲ့အတွက် Couplesတွေအတွက် ကောင်းမွန်တဲ့Relationshipတစ်ခုကိုပိုင်ဆိုင်လာမှာပါ။

Aung Htet Khant-Relationship Coach Channelကို
Subscribeလုပ်ရန်

Relationship ပြဿနာတွေကို တစ်ဦးချင်းဆွေးနွေးနိုင်ဖို့အတွက်
Facebook Messengerတွင်အသေးစိတ်စုံစမ်းမေးမြန်းရန်

Aung Htet Khant-Facebook Pageကိုလည်း
Like & Follow လုပ်ထားရန်

Life & Relationshipစတဲ့အကြောင်းအရာတွေကို ပိုပြီးလေ့လာချင်ရင်

လမ်းတော့မကွဲနိုင်ပေမဲ့ အဆိပ်သင့်နေတယ်။(Toxic Relationship)

အချစ်က ဘယ်လိုဖြစ်ပေါ်လာတာလဲ။

ချစ်သူကြင်ယာဖက်တွေမှာ ကြာလာရင်ဘာလို့ အချစ်တွေလျှော့သွားတာလဲ။

0:00 Start
4:10 Type မတူတဲ့ချစ်သူတွေသိထားရမယ့်အချက်(၅)ချက်
5:25 မတူညီတာပေါင်းစည်းမှုဟာ ကြီးမားတဲ့အားတစ်ခုပါပဲ။
12:09 ကိုယ့်ချစ်သူရဲ့ ကလေးဘဝရှင်သန်ခြင်းအကြောင်းသိရန်။
18:14 ဒေါသထွက်တာမှလွဲ၍
25:51 အတွဲညီတဲ့နှစ်ဦးဟာ တစ်ဦးထက်အမြဲသာတယ်။
31:33 စပြီးတောင်းပန်သူက ကိုယ်ပဲဖြစ်ပါစေ။

#Aunghtetkhant #Relationshipcoach#Relationship
Комментарии
Автор

ကိုယ်ရဲ့ Typeမတူတဲ့ ချစ်သူနဲ့ကော ကောင်းမွန်တဲ့ ဖြေသွားပေးကြပါဦး။

aunghtetkhant-relationship